ခြေဆင်းပဏာမ

1.1K 39 1
                                    

Unicode

ခြေဆင်းပဏာမ

အခန်းက မီးရောင်တွေနဲ့ထိန်လင်းနေတယ်။ ဒါကြောင့် ငါ့ကိုယ်ပေါ်က ဓါးရာအစင်းကြောင်းတွေကို ရှင်းရှင်းလင်းလင်းမြင်နေရပါတယ်။ ဒဏ်ရာတွေနဲ့အရေပြားကနှစ်ခြမ်းကွဲနေပြီး အတွင်းကကြွက်သားနုနုတွေတောင် တစ်စွန်းတစ်စထွက်လို့။ တစိမ့်စိမ့်ထွက်နေတဲ့ သွေးစသွေးနတွေကလည်း ဖြူဖွေးဖျော့တော့နေတဲ့အသားအရေကို တန်ဆာဆင်ထားသလိုပဲ။

ဒီမြင်ကွင်းကသိပ်ကိုလှပလွန်းလို့ သူ့ကိုယ်သူတောင် မထိန်းချုပ်နိုင်တော့ဘူးလို့ သူကပြောတယ်။

ဒါပေမယ့် ငါ့ခန္ဓာကိုယ်နဲ့ပတ်သက်လာရင် သူ ဘယ်တော့မှမထိန်းချုပ်တတ်တာ ငါသိတာပေါ့။ ငါ့မျက်နှာနဲ့ကိုယ်ပေါ်က ဒဏ်ရာအနာတရတွေက သူ့ရဲ့နှိပ်စက်မှုတွေကို ငါဘယ်လောက်တောင်သည်းခံခဲ့ရသလဲဆိုတဲ့ အကောင်းဆုံးသက်သေပဲလေ...

ငါ မလွတ်မြောက်နိုင်ခဲ့ဘူး။ မလွတ်မြောက်နိုင်ရတဲ့ အကြောင်းပြချက်လည်းမရှိဘူး။ လွန်ခဲ့တဲ့တစ်နှစ်က သူ ငါ့ခြေဖနောင့်ကြောကိုဖြတ်ပြီး လမ်းမလျှောက်နိုင်အောင် လုပ်လိုက်လို့ပဲဖြစ်ရမယ်။ အခု ငါက အကွာအဝေးတိုတိုလေးကိုတောင် ဖြည်းဖြည်းချင်းပဲလျှောက်နိုင်တော့တယ်။ ဒီအခန်းထဲမှာ ငါက... မာဖီးယားဂိုဏ်းတွေထဲမှာမှ အကြီးစားဂိုဏ်းခေါင်းဆောင်ကြီးကို စောင့်ဆိုင်းရင်း.....

ဘယ်သူမှလည်း ငါ့ကိုလာမကယ်နိုင်ဘူး။ ငါကလည်း သူ့ကိုမကယ်တင်နိုင်ဘူး။

သူ့ရောဂါက ကျွမ်းနေပြီ။ ကုရာနတ္ထိ ဆေးမရှိအောင်ကို ကျွမ်းနေခဲ့တာကြာပြီ။ ဘာကြောင့်လဲဆိုတော့ သူ့မျက်လုံးထဲမှာ အချစ်ဆိုတာက အကြမ်းဖက်ခြင်းနဲ့ထပ်တူညီမျှတယ်။ နာကျင်ခြင်းနဲ့ အချိုးကျတယ်။

"ယွင်ရှန်း ခင်ဗျားက သိပ်လှတာပဲ" တဲ့ သူကပြောတယ်။

သူက ငါ့ခြေထောက်တွေကို ဘေးဘက်ဆွဲကားလိုက်တယ်။ ပြီးတော့ ငါ့ပေါင်ရဲ့အတွင်းဘက်ခြမ်းထဲမှာ တံဆိပ်ခတ်နှိပ်ထားတဲ့ "ယဲ့ချန်ရှန်း" ဆိုတဲ့စာလုံးကို တစိမ့်စိမ့်ကြည့်နေတယ်။ နောက်တော့ ငါ့မျက်လုံးတွေထဲ ကျေနပ်ခြင်းအပြည့်နဲ့စိုက်ကြည့်ပြီး ပြောတာက "ခင်ဗျားက ကျုပ်အပိုင်ပဲ" တဲ့လေ။ အဲဒိနောက်မှာတော့ သူက ခါတိုင်းလိုမျိုးပဲ ငါ့ခန္ဓာကိုယ်ထဲကိုဝင်တယ်။ သူ ဒီလိုတွေအမြဲလုပ်တတ်တာ ငါသိတယ်။

နိုင်လိုမင်းထက်အချစ်Where stories live. Discover now