(32,33)
ဒီနေ့က ငါ့အကြံအစည်ရဲ့လေးရက်မြောက်နေ့ဖြစ်ပါတယ်။ သူရော ငါပါ လက်နက်ချဖို့စိတ်ကူးမရှိကြသေးဘူး။
စလုပ်တုန်းကဆို သူက စိတ်တွေဆိုး ဒေါသမထိန်းနိုင်ဖြစ်ပြီး ကြမ်းကြမ်းတမ်းတမ်းတွေလုပ်တာ ငါ့တစ်ကိုယ်လုံး အညိုအမဲတွေစွဲကုန်တာပဲ။
တတိယမြောက်နေ့မှာတော့ သူက ငါ့ပါးစပ်ထဲကို စားစရာတွေအတင်းထိုးထည့်တယ်။ ငါက သူ့မျက်စိရှေ့မှာပဲ မူးမေ့လဲကျတဲ့အထိ အော့အန်ထုတ်ပြလိုက်တော့ အဆုံးမှာ အတင်းအဓ္ဓမ ကျွေးတဲ့ကိစ္စရပ်သွားတယ်။
သူက ငါ့ကိုမြတ်မြတ်နိုးနိုးချစ်ရှာပါတယ်။ အချစ်ထက်စာရင် အကြမ်းဖက်မှုတွေက ပိုပြီးအားကောင်းနေရုံလေးပါ။ နောက်ပြီး အခုချိန်ထိ မြောက်မြားစွာသောအလိမ္မာနည်းလမ်းတွေကိုသုံးပြီး အလျော့ပေးဖို့ငြင်းဆိုနေတော့ ငါခံနိုင်ရည်လည်း ကုန်ဆုံးလုနီးပါးဖြစ်နေပါပြီ။
"ယွင်ရှန်း ဘာဖြစ်လို့ အစာမစားဘဲနေနေရတာလဲ ခင်ဗျား"
ယဲ့ချန်ရှန်းက ပန်းကန်လုံးကိုကိုင်လို့ ဘေးနားမှာထိုင်ရင်း အကြောင်းရင်းကိုမေးပါတယ်။ ဒါပေမယ့် ငါသူ့ကိုပြန်မဖြေနိုင်ဘူး။ ကိုယ်ခန္ဓာက ဆာလောင်ပြီးပင်ပန်းလွန်းလို့ လှုပ်ချင်စိတ်တောင်မရှိတော့ဘူး။ နေ့တိုင်းနေ့တိုင်း ရေပဲသောက်နေရတဲ့ဘဝ... ခံနိုင်ဖို့အလွန်ခက်ခဲတယ်။ ငါ့လက်ဖမိုးပေါ်မှာ ရှီးယန်ကိုယ်တိုင်ချိတ်ပေးထားတဲ့ ဆေးချိတ်ပုလင်းအပ်ရှိတယ်။ စစတပ်ခြင်းတုန်းကဆို ငါ အပ်ကိုဆွဲဖြုတ်ပစ်လိုက်တာ၊ ဒါပေမယ့် ပြန်ရတဲ့ရလဒ်က အစပေါင်းများစွာဆိုးရွားလွန်းတော့ အခု လိမ်လိမ်မာမာနဲ့ချိတ်ခံရတော့တာပေါ့။ ဒါပေမယ့် သူ့ကိုအလျော့ပေးတယ်ထင်မှာစိုးလို့ အစားလုံးဝမစားပါဘူး။
နောက်ပြီး ဆေးချိတ်ပုလင်းနဲ့ဆို ဒိထက်ပိုကြာကြာခံနိုင်ရည်ရှိတယ်လေ။
ယဲ့ချန်ရှန်းကိုကြည့်ရတာ ငါတစ်ခွန်းမှပြန်မပြောလို့ ဒေါသထွက်လာတာဖြစ်လိမ့်မယ်။ ငါ့ အင်္ကျီကော်လာကိုဆောင့်ဆွဲပြီး ငါ့ကို အိပ်ရာပေါ်ကနေဆွဲမတယ်။