(9,10)
ငါနိုးလာတဲ့အချိန်မှာ ကားတစ်စီးပေါ်ရောက်နေခဲ့တယ်။ သိပ်ကိုဈေးကြီးတဲ့ကားတစ်စီးပါ။ အိပ်ရာခင်းနဲ့ပတ်ထားတဲ့ငါ့ကိုယ်ကို ယဲ့ချန်ရှန်းက ချီထားခဲ့တယ်။ ငါ့လက်နှစ်ဖက်ကိုလည်း ခပ်တင်းတင်းပူးချည်ထားတာ ခံစားမိတယ်။ သွေးမလျှောက်နိုင်လောက်အောင်ထုံကျင်ပြီး နွေရာသီမှာ ငါ့လက်တွေကအေးစက်နေခဲ့တယ်။ ရုန်းကန်ရလွန်းလို့လည်း လိမ်ခေါက်ပြီး အရေပြားတွေပေါက်ပြဲနေပါတယ်။ တစ်ကိုယ်လုံးနာကျင်ကိုက်ခဲနေတာနဲ့ယှဉ်ရင် ကိုယ်ခန္ဓာအောက်ပိုင်းက စူးရှတဲ့နာကျင်မှုနဲ့ စေးကပ်ကပ်အထိအတွေ့တွေက ငါ့ကိုပိုပြီးသည်းမခံနိုင်အောင်ဖြစ်စေတယ်။
"ဘယ်သွားနေတာလဲ" ငါ မေးခွန်းထုတ်မိပါတယ်။
ယဲ့ချန်ရှန်းက ပြန်ဖြေတယ် "ကျုပ်တို့ အိမ်ပြန်နေတာ"
"ဟားဟား..." အဖြူရောင်အိပ်ရာခင်းထဲ ငါ့မျက်နှာကိုနှစ်ထားမိတယ်။ ဘယ်တုန်းက ငါ့အိမ်ကနေ ငါတို့အိမ်ဖြစ်သွားတာလဲ ...? စောက်ကောင်စုတ်လေး။ ဒီဖြစ်ရပ်ကြီးတစ်ခုလုံးက ငါ့အတွက်တော့ ရှော့အကြီးကြီးရစရာတစ်ခုပါ။
ငါ ရယ်မောတာကိုရပ်ပြီး ဆက်မေးလိုက်တယ် "ဒါဆို အခုဘာတွေဖြစ်ကုန်တာလဲ မင်းငါ့ကိုပြောပြလို့ရပြီလား?"
"ဘာမှမဖြစ်ဘူး" သူ့လက်နှစ်ဖက်က ငါ့ကိုတင်းတင်းကျပ်ကျပ်ဖက်ထားဆဲပဲ။ သူ့မျက်လုံးတွေကတော့ ရှေ့ခေါင်းခန်းက ကားဒရိုင်ဘာကိုကြည့်ပြီးပြောတယ် "ရှေ့မှာကွေ့လိုက်"
ဒရိုင်ဘာက ပြန်ပြောတယ် "ဟုတ်ကဲ့ သခင်လေး"
သခင်လေး?! ငါ အံ့သြလွန်းလို့ ယဲ့ချန်ရှန်းကိုကြည့်မိပါရဲ့။ သူ့ရဲ့အေးစက်စက်မျက်နှာတည့်တည့်ကိုလေ။ ဒါဆို ငါက သခင်လေးဆိုတဲ့ကိုယ်တော်ကို စောက်ရူးလိုမျိုး အိမ်ခေါ်ကျွေးမွေးထားမိတာပေါ့။ ပြီးတော့ သခင်လေးဆိုတဲ့ကောင်က ငါ့ကိုတက်လုပ်သွားသေးတယ်။ မဟုတ်ဘူး..မုဒိမ်းတက်ကျင့်သွားခဲ့တာ!!
"သခင်လေး? ယဲ့ချန်ရှန်း မင်းငါ့ကို ဘာစောက်ကွက်တွေနဲ့ လှည့်စားခဲ့တာလဲ?" အိပ်ရာခင်းထဲ လိမ်ပတ်နေတဲ့ငါ့လက်တွေကိုဆွဲထုတ်ပြီး ယဲ့ချန်ရှန်းကော်လာကိုကိုင်ကာ ပေါက်ကွဲပစ်လိုက်တယ်။