- 1 -

10.5K 206 39
                                    

"ပြန်လာပြီပေါ့ နေမြဲစေ! "

"မမြင်ဘူးလား "

နေမြဲ ပုခုံးတစ်ဖက်ပေါ်မှာ ခပ်လျောလျော လွယ်ထားတဲ့ ကျောပိုးအိတ်ရဲ့ ကြိုးကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်ပြီး အေးစက်စက်အသံဖြင့်သာ ပြန်ဖြေလိုက်သည်။ မေးလာတဲ့ အဖေဖြစ်သူကတော့ နေမြဲရဲ့ ပြန်ဖြေသံကြောင့် သွေးတက်သွားပုံဘဲ ပြန်တောင်မပြောတော့။

"မင်းကိုစောင့်နေကြတာ အမျိုးတွေ အကုန်လုံး! "

အဲ့တော့မှ လူစုံညစာစားပွဲအကြောင်း ခေါင်းထဲရောက်လာသည်။ နေမြဲတို့ ဆွေမျိုးအသိုင်းအဝိုင်းက နှစ်လတစ်ခါ နေမြဲတို့အိမ်မှာ လူစုပြီး စားသောက်ပွဲ ကျင်းပလေ့ရှိတာ။ နေမြဲလည်း ဧည့်ခန်းနဲ့ အပြည့် ဖြစ်နေတဲ့ လူတွေ တစ်ချက်လှည့်ကြည့်ကာ

"ကျွန်တော်ပါတော့ရော ဘာထူးခြားသွားတဲ့ပွဲမို့လို့လဲ အလကားအပိုတွေ! "

"ဘယ်လိုတွေ ပြောနေတာလဲ လူကြီးတွေရှေ့ "

"ကြားတဲ့အတိုင်းပဲ! "

"နေမြဲစေ!! "

"နားညီးတယ် လာမအော်နေနဲ့ အစ်ကိုကြီး! မင်းတို့ဘာသာဘဲ ဆက်ကျင်းပချေ "

"မိုက်ရိုင်းတဲ့ကောင်! "

အစ်ကိုကြီးဖြစ်သူပြောလာတဲ့စကားကို လစ်လျူရူကာ လည်ပင်းမှာ ချိတ်ထားတဲ့ headphone ကို ဖြုတ်ကာ လက်ကနေကိုင်သွားလိုက်ပြီး လှေကားထစ်တွေကို နင်းဖြတ်ကာ အပေါ်ထပ်ရှိ အခန်းရှိရာသို့ တက်လာခဲ့လိုက်သည်။ ကိုယ်ပါဝင်လိုက်လည်း ထူးခြားသွားတာမျိုး မရှိတဲ့ တစ်လောကလုံးက အတင်းတွေစုပြောတဲ့ပွဲကို နားညီးခံပြီး သွားဝင်ထိုင်ရအောင် နေမြဲစေ အဲ့လောက်ထိ အားမနေချေ။

"အဲ့ကောင် ဘာလိုချင်လို့ အိမ်ပြန်လာတာလဲမသိဘူး တစ်လတစ်ခါတောင် မျက်နှာသေချာမမြင်ရတဲ့ကောင်က "

"ကြားတာ နေမြဲစေက DJ ဆို တစ်ပွဲတစ်ပွဲကို ပိုက်ဆံအများကြီးရတာတဲ့ "

"အမည်ခံပါ ဒေါ်လေးနွယ်ရာ! တစ်ခုခုလိုချင်ရင် အဖေ့ဆီက လက်ဖြန့်တုန်း "

တည်တံ့စေက ပိုပိုသာသာပြောလိုက်တာ ဖြစ်သည်။ နေမြဲစေက ဘယ်လောက်အကြောကြီးလဲ သူအသိဆုံးပဲ။ ပိုက်ဆံရှာနိုင်တယ်ဆိုပြီး အဖေ့ကိုတောင် ကလန်ကဆန်လုပ်​နေတာ။ အစ်ကို ဖြစ်တဲ့ တည်တံ့စေကို မျက်လုံးထဲတောင် ထည့်တာမဟုတ်။

နှလုံးသားကို ချည်တဲ့ကြိုး Where stories live. Discover now