"မင်းက ဘယ်လိုလုပ် ပြန်ပေါ်လာတာလဲ အခုမှ "
"ဟိုမှာ လုပ်စရာမရှိတော့လို့လေ မြန်မာပြည်ပြန်လာပြီး ပျော်စရာလေးတွေ လာရှာတာ "
ထင်ရှားက လက်မှာပတ်ထားတဲ့ လက်ပတ်ကို ဟိုလှည့်ဒီလှည့်ဖြင့် ဆော့ကစားကာ ပြောလာသည်။ နေမြဲက သူ့စကားကြောင့် တစ်ချက်ရယ်လိုက်ပြီးမှ
"စောက်ပိုတွေက ပြောပြန်ပြီ "
"ခုနက ကောင်လေးနဲ့က ဘယ်လိုပတ်သက်တာလဲ နေမြဲ! "
ထင်ရှားမျက်နှာက ခပ်တည်တည်။ မသိရင် နေမြဲကို တရားခံလိုမျိုး ကြည့်ကာ စစ်မေးနေသလိုမျိုး။ နေမြဲက ခေါင်းခါပြလိုက်ပြီး
"ငါ့အသိကောင်လေး "
"အဲလောက်ပဲလား "
"အင်း "
စကားဝိုင်းက တိတ်ဆိတ်သွားပြန်သည်။ အကြာကြီး မတွေ့ဖြစ်ခဲ့ကြတဲ့သူတွေမို့ ပြောစရာတွေ အများကြီးရှိမယ်ထင်နေခဲ့တာ။ အဲ့လောက်လည်း ပြောစရာတွေ ရှိမနေ။ နှစ်ယောက်လုံးကလည်း မေးမှ ဖြေတတ်ကြတဲ့ ပုံစံတွေမို့လို့လားတော့ မသိချေ။ ထင်ရှားကလည်း သူ့အကြောင်းတွေကို စိတ်လိုမှသာ ပြောတတ်တဲ့သူမျိုး ဖြစ်သည်။ ပြီးတော့ နေမြဲနဲ့ အရင်းနှီးဆုံး သူငယ်ချင်း။ နွေနဲ့လည်း အရင်းနှီးဆုံး သူငယ်ချင်းတွေ။ နေမြဲနဲ့ နွေက တွဲဖြစ်သွားတော့ ထင်ရှားကို မနည်းနားဝင်အောင် ပြောခဲ့ရတဲ့ အချိန်တွေကို မှတ်မိသေးသည်။ နားဝင်အောင် ရှင်းပြသမျှကို နားမထောင်ဘဲ ဇွတ်ကန့်ကွက်ခဲ့တာ။ နွေဆုံးပြီးနောက် ထင်ရှားက နိုင်ငံခြားကို ထွက်သွားတယ်လို့ ကြားပေမယ့် နေမြဲမှာ နွေဆုံးသွားတဲ့အပေါ် ဖြေမဆည်နိုင်ဖြစ်ပြီး ဆက်သွယ်ဖို့လည်း မေ့နေခဲ့တာ။
"အောင်မြင်တဲ့ DJ ကြီး ဖြစ်နေပြီပေါ့ "
"Virus ပဲလေ "
Virus ပဲလေဆိုတာက နေမြဲအကြောင်းကို သိနှင့်နေပြီသား ဖြစ်နေမှာမို့ DJ Virus ဆိုတာကို အတည်ပြုလိုက်ရုံသာ ဖြစ်သည်။ ကြွားဝါပြောခြင်းတော့ မဟုတ်ချေ။
"ကောင်းပါတယ် ဒါနဲ့ ငါအိမ်မပြန်ချင်လို့ မင်း Condo မှာ လာနေမယ် ရမလား "
YOU ARE READING
နှလုံးသားကို ချည်တဲ့ကြိုး
Romanceနေမြဲစေ လင်းစွမ်းရည်ပိုင် ပန်းဦးကဗျာ နှင်းသဲအလင်္ကာ