သတင်းကြားလိုက်ရချင်း နေမြဲစေမှာ ကျန်သေးတဲ့ အလုပ်တွေ ထားပစ်ခဲ့ပြီး ပြန်လာခဲ့လိုက်သည်။ လယ်လောက်တောင် လန့်သွားရှာမလဲ။ သူတောင် ယုယလို့မ၀နိုင်တဲ့ ကောင်လေးကိုများ တည်တံ့စေက လည်ပင်းတောင် ညှစ်လိုက်သေးသတဲ့။ သွေးတွေ ပွက်ပွက်ဆူလာပြီး သတ်ပစ်ချင်မိတဲ့အထိ။ နေမြဲစေမှာ သူ့အသိုင်းအ၀ိုင်းကြောင့် ထိထိုက်ရတဲ့ ကလေးကို တောင်းပန်လို့ မဆုံးနိုင်။ ကလေးက ဘာမှမဖြစ်ပါဘူးပြောလေ သူ့မှာ ရင်တွေနာရလေပဲ။ ထိရောက်အောင် ကာကွယ်မပေးထားနိုင်တော့ ကိုယ့် အိမ်က ကလေးမှာ ထိခိုက်ရပြီ။ နေမြဲစေမှာ ရန်ကုန်မြို့အတွင်းသို့ ၀င်တာနဲ့ အိမ်ကို တန်းသွားလိုက်သည်။
"အငယ်မလေး အငယ်မလေး "
အိမ်ထဲ ၀င်၀င်ချင်း မည်သူ့မှ မတွေ့တာကြောင့် နေမြဲစေလည်း ညီမလေးကိုသာ အော်ခေါ်လိုက်မိသည်။တည်တံ့စေကို မြင်တာနဲ့ ဆွဲထိုးဖို့ ပြင်ထားပါတယ်ဆိုမှ။
" ရှင် ကိုလေးနေ "
"တည်တံ့စေ ဘယ်မှာလဲ အဖေရော "
အငယ်မလေးမှာ အူလျားဖားလျားဖြင့် အိမ်ပေါ်မှ ပြေးဆင်းကာ အနားရောက်လာသည်။
"ကိုကြီးက သူ့သူငယ်ချင်းတွေ လာခေါ်လို့ အပြင်သွားတယ် ကိုလေးနေ ဖေဖေက အလုပ်မှာ "
"တောက် !!! "
"ဘာဖြစ်လာတာလဲ ကိုလေးနေ ဟင် "
လက်မောင်းကို ကိုင်လှုပ်ကာ မေးလာတဲ့ ကြယ်လင်းစေလေးရဲ့ စကားကို နေမြဲမှာ ဒေါသတကြီးပင် တုန့်ပြန်မိသည်။
"သတ်မလို့ အဲကောင်ကို သတ်ပစ်မလို့ ငါ့ချစ်သူကိုများ ရာရာစစ "
"ဟင် ဘယ်သူ့ကိုလဲ ကိုလေးနေ ကိုလေးနေချစ်သူက ဘယ်သူလဲ "
အငယ်မလေးက တအံ့တသြဖြင့် မေးလာသည်။ နေမြဲစေမှာ ကလေးရဲ့အကြောင်းကို ညီမလေးကို မပြောရသေးတာ။
"ငါ့မှာ ဘာမှရှင်းပြဖို့အချိန် မရှိဘူး တည်တံ့စေကို လိုက်ရှာအုံးမယ် "
"ကိုလေးနေ စိတ်လျော့ပါအုံး ကိုလေးနေရယ် နော် ညီအစ်ကိုချင်းတွေလေ "
အမြဲတမ်း နေမြဲဘက်က ရပ်တည်ခဲ့တဲ့ ညီမလေးက ညီအစ်ကိုချင်း ပြဿနာဖြစ်မှာ စိုး၍ တားရှာသည်။ ဒီလူတွေက ဒီအတိုင်းထားထားလို့ ရတဲ့ကိစ္စမဟုတ်။ အန္တာရယ်ဖြစ်မှာစိုးလို့ အနားမှာ ခေါ်ထားတဲ့ ကလေးကို တကူးတက ဒုက္ခပေးတတ်ကြတာ။ နှင်းသဲဆီက ပြန်ကြားရတဲ့ အခြေအနေကို နေမြဲစေမှာ တွေးတောင် မတွေးကြည့်ရဲ။ တစ်ခုခု ပြန်လုပ်ရမှ ကျေနပ်နိုင်မည့်စိတ်အခြေအနေမို့ တည်တံ့စေကိုသာ ရှာဖို့ဆုံးဖြတ်လိုက်သည်။
YOU ARE READING
နှလုံးသားကို ချည်တဲ့ကြိုး
Romanceနေမြဲစေ လင်းစွမ်းရည်ပိုင် ပန်းဦးကဗျာ နှင်းသဲအလင်္ကာ