-19-

1.5K 70 12
                                    

အညာဘက်မှာ ရေသွားလှူမယ့် Project ကို အကောင်အထည်ဖော်ကြရင်း Golden Phoenix အဖွဲ့နှင့်အတူ လင်းစွမ်းပါ လိုက်လာဖြစ်သည်။ လင်းစွမ်းလိုက်တော့ ကိုကိုကပါ ပါလာသည်။ ကိုယ်တိုင်ကိုယ်ကျ သွားမလှူဘဲ ကြားထဲက ပရဟိတအဖွဲ့ကို ပိုက်ဆံပဲ လှူလိုက်ရင် ရပေမယ့် ကိုယ်တိုင်ကိုယ်ကျ ကိုယ့်လက်နဲ့ လှူရတာက ပိုပြီး ကုသိုလ်ရတာကြောင့် လင်းစွမ်းတို့လည်း လာဖြစ်ခဲ့ကြတာဖြစ်သည်။ Boss ကိုယ်တိုင်သွားတော့လည်း တစ်ခြားဌာနခွဲက ခေါင်းဆောင်တွေပါ လိုက်လာတာကြောင့် အညာခရီးစဥ်က မထင်မှတ်ဘဲ လူတွေများနေတာ ဖြစ်သည်။ တစ်ခြားသူများကတော့ ကုမ္ပဏီက စီစဥ်ပေးတဲ့ ကားတွေနဲ့ သွားကြပြီး လင်းစွမ်းကိုတော့ ကိုကိုက ပင်ပန်းမည်စိုး၍ အိမ်ကကားကို ကိုကိုကိုယ်တိုင် ကားမောင်းပေးသည်။

"ကိုကို နားမယ်ဆို ပြောလေ လင်းစွမ်း တလှည့်မောင်းပေးမယ် "

"ကလေးနားပါ ကိုကိုက ရတယ်နော် "

လင်းစွမ်းရဲ့ လက်တစ်ဖက်ကို ဆုပ်ကိုင်ကာ ကားကို လက်တစ်ဖက်ထဲနဲ့ မောင်းနေတဲ့ ကိုကိုက ငဲ့ကြည့်ကာ ပြောလာသည်။ လင်းစွမ်းလည်း လမ်းကိုမကြည့်ပေးဘဲ ကိုကို့မျက်နှာကိုသာ မေးကိုထောက်လျှက် ငေးစိုက်ကြည့်နေမိသည်။ sticker တွေပါတဲ့ တီရှပ်နီနီရဲရဲကို Cargo ဘောင်းဘီအနက်ရောင်ဖြင့် တွဲ၀တ်ထားပြီး လည်ပင်းမှာ အမြဲတမ်းတပ်ထားလေ့ရှိတဲ့ headphone အနက်ရောင်ကိုလည်း ဆွဲထားသေးသည်။ လင်းစွမ်းထက် ငါးနှစ်ကြီးတဲ့ ကိုကိုက လင်းစွမ်းနှင့်အပြိုင် နုဖတ်နေသေးသည်။ လင်းစွမ်းလို နို့နှစ်ရောင်အသားအရည်မျိုး မဟုတ်ပေမယ့် ကိုကိုကလည်း ဖြူတဲ့အထဲပါသည်။ ကားမောင်းနေတာကြောင့် မြင်နေရတဲ့ လက်ပေါ်မှာ အကြောစိမ်းတွေက ယှက်ဖြာနေသည်။ ဘေးတိုက်မြင်နေရတဲ့ မျက်နှာချောချောက ရင်ခုန်စရာကောင်းလှသည်။ သေချာကြည့်မှ နားထင်အစပ်နားမှာ မှဲ့ကလေးတစ်လုံးရှိသည်။ ဆက်တိုက်ငေးနေရင်းမှ မျက်၀န်းတွေဆီ ငေးကြည့်မိတော့ ကားကိုအာရုံစိုက်မောင်းနှင်နေတဲ့ ကိုကိုက မျက်တောင်တွေ တဖျတ်ဖျတ်ခတ်နေသည်။

" ရှက်နေတာလား ကိုကိုက "

"ကလေးရေ အဲလောက်မကြည့်နဲ့ကွာ ကိုကိုက နှလုံးသားနဲ့ကွ "

နှလုံးသားကို ချည်တဲ့ကြိုး Where stories live. Discover now