-The End-

836 47 8
                                    

ဆေးရုံကုတင်ပေါ်မှာ အိပ်ပျော်နေဆဲ ဖြစ်တဲ့ စွမ်းပိစိလေးကို ငေးကြည့်နေမိသည်။ သူ့ကြောင့်ပါလို့ တွေးလိုက်မိတိုင်း ရင်ဘတ်တစ်ခုလုံး စုတ်ပြတ်သွားသလို ခံစားရသည်။ ကိုယ့်ကြောင့်ဖြစ်ခဲ့တဲ့ ကိစ္စမို့လို့ ကိုယ့်ကိုကိုယ်လည်း အပြစ်တင်မဆုံးနိုင်။ မထိခိုက်အောင် ထားပေးပါ့မယ်ဆိုပြီး ကိုယ့်ကြောင့်တွေချည်း ထိခိုက်ဒဏ်ရာရခဲ့ရတော့ နေမြဲမှာလည်း ဖြေမရနိုင်အောင် ဖြစ်နေရသည်။ ဆေးအရှိန်ရှိန်နဲ့ အိပ်ပျော်နေတဲ့ ကလေးကို ငေးရင်း သူကတော့ မိုးလင်းပေါက် ငုပ်တုပ်ထိုင်နေမိသည်။ ဘယ်အချိန်တွေ ဖြစ်သွားပြီလဲလည်း သူမသိချေ။ လက်ဖျားလေးတွေ ထွေးဆုပ်ထားရင်း မျက်နှာနုနုကိုသာ ငေးကြည့်နေမိသည်။

" ဟော ကိုနေမြဲ "

"ဟင် နှင်းသဲတို့ အစောကြီးစောကြီးပဲ "

"ဟုတ်တယ် မနေ့ကညကမှ ရန်ကုန်ပြန်ရောက်တာ ညကသတင်းကြားပေမယ့် မလာဖြစ်လိုက်လို့ "

"အင်းလေ ခရီးပန်းလာကြမှာပဲ "

"လင်းစွမ်း ဘယ်လိုနေသေးလဲ "

"ဆေးအရှိန်နဲ့ အိပ်နေတုန်းပဲ "

ပန်းဦးကတော့ ဘာမှ၀င်မပြောဘဲ ကြည့်ပဲကြည့်နေ၏။ နေမြဲလည်း ကလေးနားက မခွာဘဲ ခုံဘေးမှာထိုင်ရင်း ငြိမ်သက်နေမိသည်။ ခဏအကြာမှာတော့ မျက်ခွံလေးတွေ လှုပ်ရှားလာတဲ့သူ။ နေမြဲဆုပ်ကိုင်ထားတဲ့ လက်ကလေးကလည်း နေမြဲကို တင်းကြပ်အောင် ပြန်လည်ဆုပ်ကိုင်လာပြီး တဖြေးဖြေးချင်း မျက်လုံးလေးဖွင့်လာသည်။ နေမြဲမှာ မျက်လုံးအဖွင့် မျက်တောင်အခတ်ကိုသာ ငေးစိုက်စိုက်ငေးကြည့်နေရင်းမှ သူ့ဆီ ကြည့်လာမယ့် မျက်၀န်းလေးတွေကို မျှော်လင့်နေမိသည်။

"ကိုကို "

"ကိုကို့ကလေးလေး နိုးလာပြီ "

"ကိုကိုရယ် "

"ဘာမှမဖြစ်တော့ဘူးနော် ကိုကိုရှိတယ်နော် ကိုကို ရှိပါတယ်ကွာ "

နေမြဲရင်ခွင်ထဲကို လက်လေးဆန့်တန်းကာ ၀င်လာသည်မို့ နေမြဲလည်း ထွေးပွေ့ထားလိုက်သည်။ ပုခုံးစွန်းမှာ မျက်နှာအပ်ထားရင်း ခန္ဓာကိုယ်သေးသေးလေးအား ထွေးပိုက်ထားရင်း နေမြဲမှာ တတွတ်တွတ် တောင်းပန်နေမိသည်။

နှလုံးသားကို ချည်တဲ့ကြိုး Where stories live. Discover now