🎵🎵အဖြစ်အပျက်တွေတိုင်းမှာ သက်ရောက်တန်ပြန်နိုင်တယ် မှောင်မည်းတဲ့ရင်ခွင်ထဲကို
အလင်းတန်းနေရောင်ခြည် ဆောင်ပေးလှည့်ဦး ...🎵🎵"ဟယ် မပြီးတော့ဘူးလား နင် အခေါက်ခေါက် အခါခါကို ကြည့်နေတာ "
နှင်းသဲက နားမခံနိုင်တော့တဲ့ ပုံစံဖြင့် လှမ်းအော်သည်။ အညာက ပြန်ရောက်ထဲက ထို vd clip ကိုပဲ သတိရတိုင်းကြည့်နေလို့ လူတွေလည်း အမြင်ကပ်နေလောက်ပြီ။ ကိုကိုက အားရင်ဆိုပြပါ့မယ်ပြောတာတောင် လင်းစွမ်းမှာ ပထမဦးဆုံးမို့ ရူးရပါသည်။
"ဘာဖြစ်လဲ ကြည့်တော့ ငါ့မှာ မှင်သက်ပြီး record မလုပ်လိုက်ရလို့ နောင်တရနေတာ တစ်ယောက်ရိုက်ထားလို့ တော်သေးတာပေါ့ "
လင်းစွမ်းမှာ record မလုပ်မိထားလို့ ဘယ်သူများ လုပ်ထားလဲဆိုပြီး လိုက်မေးပြီး ကူးထားရတာ ဖြစ်သည်။ ကိုကို သီချင်းဆိုသည့်ပုံစံက မိမိုက်လွန်းတာမို့ ထပ်ကာထပ်ကာကြည့်ချင်လောက်တဲ့အထိ လင်းစွမ်းကို စွဲလမ်းစေ၏။ အချိန်တိုင်း အားတိုင်းကို ကြည့်နေမိတာ။
"အမြင်ကပ်တယ်နော် တကယ်အမြင်ကပ်နေပြီ "
"မနာလိုတိုရှည် "
" ငါက မနာလိုတာ မဟုတ်ဘူး နင်သာ အရူးအမဲသားကျွေးသလိုဖြစ်နေတာ "
"နင့်အလှည့်ကျ ငါ့ထက်မဆိုးစေနဲ့ "
"ဘယ်တော့မှ ဒီလိုမဖြစ်စေရဘူး နှင်းသဲတဲ့ တစ်သဲပဲရှိတယ် နှစ်သဲရှိရင် ဘိလပ်မြေဖျော်ပလိုက်မယ် "
နှစ်ယောက်သားက အော်ကြဟစ်ကြနဲ့ လိုရင်းလည်း မရောက်ကြချေ။ ကိုကိုကလည်း သူ့အလုပ်ကိစ္စနဲ့ သွားရသလို ပန်းဦးကလည်း သူ့အဖေခိုင်းတဲ့ဆီ သွားနေရတာမို့ လင်းစွမ်းနဲ့ နှင်းသဲတို့ နှစ်ယောက်သား ပေါင်းမိနေတာ။ မိုးလင်းထဲက လင်းစွမ်းရုံးခန်းထဲရောက်နေပြီး နှစ်ယောက်သား အရှုပ်တွေလုပ်နေကြတာ။
" ဘာပဲဖြစ်ဖြစ် ကိုကိုက ငါ့ကို ချစ်တယ်လေ "
"အေးပါ ငါလည်း မပြောချင်ဘူး "
နှင်းသဲက မျက်စောင်းထိုးရင်း ပြောလာသည်။ အညာကအကြောင်း ဖောက်သည်ပြန်ချထဲက အထိုးခံလိုက်ရတဲ့ မျက်စောင်းဆိုတာ။ လင်းစွမ်းကလည်း ကိုကို့အကြောင်းဆိုရင် အသေးအမွှားလေးကအစ ပြောပြချင်နေတာမျိုးဆိုတော့ အပြောအဆိုအဆဲခံပြီးကို ပြောပြနေမိတာ ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် အချစ်ခံရရတယ်ဆိုတာ မျှဝေသင့်တာပဲလေ။
YOU ARE READING
နှလုံးသားကို ချည်တဲ့ကြိုး
Romanceနေမြဲစေ လင်းစွမ်းရည်ပိုင် ပန်းဦးကဗျာ နှင်းသဲအလင်္ကာ