-25-

1.3K 50 2
                                    


ခရီးတွေ အခေါက်ခေါက်အခါခါ ထွက်ဖူးပေမယ့်လည်း ဒီတစ်ခေါက်မှာတော့ ချစ်ရသူနဲ့အတူတူ သွားရတဲ့ ခရီးမို့ ပန်းဦးမှာ စိတ်လှုပ်ရှားနေမိသည်။ ပုံမှန် ခရီးသွားနေတဲ့အချိန်တွေဆို နားကြပ်လေးတပ် သီချင်းလေးနားထောင်ရင်း ရူခင်းတွေကြည့်တာဖြစ်ဖြစ် စာအုပ်ဖတ်တာဖြစ်ဖြစ် လုပ်ရင်းသွားတတ်ပေမယ့် နှင်းသဲနှင့်အတူတူသွားတဲ့ခရီးမှာတော့ နှင်းသဲကိုပဲ ကြည့်ကာ လိုက်ပါလာသည်။ ပထမကတော့ ကိုယ်တိုင်ကားမောင်းပြီး သွားကြမလို့ တိုင်ပင်ထားပေမယ့် မန္တလေးရောက်မှ နှင်းသဲက Bus ကားနဲ့ သွားချင်တယ်တဲ့လေ။ မန္တလေးက အသိတစ်ယောက်အိမ်မှာ ကား၀င်ထားခဲ့ပြီး တောင်ကြီးသို့ Bus ကားဖြင့် ဆက်တက်ခဲ့ကြသည်။ တောင်ကြီးမြို့ထဲသို့ ၀င်ထဲက အေးစိမ့်စိမ့်ခံစားချက်ကြောင့် အနွေးထည်ကို ဆွဲစိလိုက်မိသည်။ နှင်းသဲကို ကြည့်တော့ အိပ်ပျော်နေတုန်း။

"နှင်းသဲ နှင်းသဲ ထတော့လေ တောင်ကြီးရောက်ပြီ "

"ဟင် ရောက်ပြီလား "

"အင်း ဘယ်လိုနေလဲ မူးနေသေးလား ခေါင်းကြည်ရဲ့လား "

"သေချာပေါက်တော့ မကြည်ဘူးပေါ့ နားတဲ့ဆီရောက်ရင် အိပ်မှရမယ် "

"အင်း အင်း အဲရောက်မှ အိပ်တော့ "

နှင်းသဲက ခရီးပန်းရင် အကြာကြီး အိပ်တတ်သည်။ဒါကြောင့် နေ့ချင်းပြန်ခရီးတွေဆို သိပ်သွားလေ့မရှိ။ နားနားနေနေ သွားရတဲ့ခရီးမှသာ အဆင်ပြေသည်။

"လာကြိုနေတဲ့သူ ရောက်ပြီတဲ့ "

"ဟင် ဟိုတယ်မှာ မတည်းဘူးလား "

"အင်း ငါတို့ကို လိုက်ပို့ပေးမယ့်သူမရှိမှာစိုးလို့လေ ပြီးတော့ အဲမှာကသူတစ်ယောက်ထဲနေတာ ဘာမှမဖြစ်ဘူး စိတ်ချရတယ် "

" သူငယ်ချင်းလား "

"ဒယ်ဒီ့အလုပ်ကနေသိတဲ့ သူပါ "

"သြော် "

နှင်းသဲက ဘာမှဆက်မပြောဘဲ ကားရပ်တော့ အထုပ်ဆွဲကာ ရှေ့ကနေ ဆင်းသည်။ ပန်းဦးလည်း လိုက်ဆင်းလိုက်ရင်း အထုပ်တွေယူနေတုန်း လာကြိုတဲ့ ကောင်မလေးက အနားရောက်လာသည်။

နှလုံးသားကို ချည်တဲ့ကြိုး Where stories live. Discover now