-28-

567 35 3
                                    

"ဒူ ဒူ ဒူ "

အိပ်ပျော်ကာစ ရှိသေး တဒူဒူဖြင့် မြည်လာတဲ့ ဖုန်းကြောင့် လင်းစွမ်းမှာ ကိုကို့ရင်ခွင်ထဲကနေ လူးလဲထလိုက်ရသည်။ ဖုန်းကိုကြည့်လိုက်တော့ ပန်းဦးဆီက။ အရေးကြီးကိစ္စဖြစ်နေမှာစိုး၍ လူးလဲထထိုင်တော့ ကိုကိုပါ နိုးလာပြီး ထထိုင်လာသည်။

"အေး သူငယ်ချင်း ပြော "

"လင်းစွမ်း "

"အေး ပန်းဦး "

ပန်းဦးရဲ့ ဆောက်တည်မရဖြစ်နေတဲ့ အသံက လင်းစွမ်းကို ရင်ပူသွားစေသည်။တစ်ဆက်တည်းစ်ဆက်တည်း မတ်တပ်ရပ်လိုက်ပြီး ပန်းဦးပြောလာမယ့်စကားကို နားစွင့်နေမိသည်။

"ငါ ပြောစရာရှိတယ် "

"ပြောလေ ငါနားထောင်နေတယ် "

လင်းစွမ်းပါ လှုပ်လှုပ်ရွရွဖြစ်လာတော့ ကိုကိုကလည်း စိုးရိမ်တကြီးဖြင့် ကြည့်နေသည်။လင်းစွမ်းမှာ ခေါင်းလေးခါပြလိုက်ရင်း မစိုးရိမ်ဖို့ ပြောလိုက်ရသည်။ ပန်းဦးဆီက အသက်ပြင်းပြင်းရှုသံတစ်ချက်ကြားလိုက်ရပြီးမှ

"ငါနဲ့ နှင်းသဲ ချစ်သူတွေ ဖြစ်သွားပြီ "

"ဘယ်လို "

"ငါတို့တရား၀င်တွဲလိုက်ပြီ လင်းစွမ်းရ "

"တကယ်ကြီး တကယ်ကြီးလား "

လင်းစွမ်းရဲ့ စိတ်လှုပ်ရှားစွာပြန်မေးတဲ့အသံကြောင့် ကိုကိုကပါ သိချင်တဲ့ဟန် လှုပ်လှုပ်ရွရွဖြစ်လာပြီး လင်းစွမ်းအနား ကပ်လာသည်။ လင်းစွမ်းလည်း ဖုန်းကို စပီကာဖွင့်လိုက်ပြီး ကိုကို့ပါ နားထောင်စေည်။

"ဟုတ်တယ် ဒီညနေဘဲ ငါဖွင့်ပြောလိုက်တာ သူလည်း ထပ်တူဘဲတဲ့ ငါ့ကို ချစ်တယ်တဲ့ လင်းစွမ်းရ "

"အား မိုက်တယ်ဟေး "

"ငါ့မှာ အိမ်မက်လို့တောင် ထင်နေတာ မနည်းရဲဆေးတင်ပြီး ပြောရတာ "

"ဟား ဒါဆို အဆင်ပြေသွားပြီပေါ့ "

သူငယ်ချင်းနှစ်ယောက်ရဲ့ အခြေအနေကို ရိပ်စားမိနေပေမယ့်  နှစ်ယောက်သား အချင်းချင်း အဆင်ပြေစေချင်တာမို့ ၀င်မပါခဲ့တာ ဖြစ်သည်။ အထူးသဖြင့် ပန်းဦးဖြစ်သည်။ နှင်းသဲကို ငေးကြည့်နေတတ်တဲ့ အကြည့်တွေ၊ အသေးစိတ်ကအစ ဂရုစိုက်တတ်တာတွေ၊နှင်းသဲအတွက် အဆင်သင့်ရှိနေတာမျိုးတွေကို ဘေးနားက လင်းစွမ်းက မြင်နေခဲ့ရသည်။ အခုလိုကြားလိုက်ရတော့ လင်းစွမ်း တကယ်ကို ပျော်နေမိသည်။

နှလုံးသားကို ချည်တဲ့ကြိုး Where stories live. Discover now