"ရောက်လာကြပြီ "
"စောင့်ရတာ ကြာသွားလား ကိုနေ့ထူး "
"ရတယ် မကြာဘူး ညီမ ကိုယ်တို့လည်း အခုမှ ရောက်တာ "
"တော်သေးတာပေါ့ လာ နှင်းသဲ "
ပန်ဦးက နှင်းသဲကို လက်ဆွဲကာ ခေါ်ရင်း ထိုင်ခုံမှာ၀င်ထိုင်စေသည်။ တောင်ကြီးမှာ လုပ်မယ့် Project တစ်ခုအတွက် ကိုနေ့ထူးမဟာတို့ရဲ့ မဟာလုပ်ငန်းစုနှင့် ပူးပေါင်းဖို့ ပန်းဦးက ကမ်းလှမ်းထားတာ ဖြစ်သည်။ ပန်းဦးရဲ့ လုပ်ကိုင်နိုင်စွမ်းကို မဟာလုပ်ငန်းစုက သဘောကျပြီး ပူးပေါင်းဖို့ အရင်က လုပ်ခဲ့ပေမယ့် ဒယ်ဒီလက်အောက်မှာကြောင့် အဆင်မပြေခဲ့တာ။ အခုတော့ ပန်းဦး ဘာသာရပ်တည်တော့မှာမို့ ပူးပေါင်းဖို့ လုပ်ခဲ့တာ ဖြစ်သည်။
"အငယ် အဆင်ပြေရဲ့လား "
"ပြေတယ် ကိုကို "
"အင်း မှာထားတာ ရတော့မယ်နော် ဗိုက်ဆာနေပြီလား "
"အငယ်က ရတယ် ညီမလေးတွေအတွက် မှာပေးလိုက်အုံးလေ "
ကိုနေ့ထူးမဟာက သူ့အမျိုးသမီးကို ကြင်နာတဲ့မျက်၀န်းတွေနဲ့ ကြည့်ကာ မေးသည်။ အငယ်ဆိုတဲ့ မမကလည်း ချစ်စရာလေးပင်။ ကိုနေ့ထူးတို့က အမြဲတမ်းလိုလို အဖွဲ့လိုက် ခရီးသွားတာတွေ လုပ်တတ်ပြီး ဘယ်နားသွားသွား ဘာပွဲလုပ်လုပ် အတူတူပင် ဖြစ်သည်။ မဟာလုပ်ငန်းစုကို ကိုနေ့ထူးမဟာက ဆက်ခံပြီး ကျန်တဲ့သူငယ်ချင်း သုံးယောက်မှာလည်း ကိုယ်စီလုပ်ငန်းတွေ ရှိကြသလို လေးယောက်ပူးပေါင်းလုပ်ကိုင်တဲ့ လုပ်ငန်းတွေလည်း အများအပြားပင်။ သူငယ်ချင်းလေးယောက်လုံးက ကိုနေ့ထူးရဲ့ အမျိုးသမီး မ၀တ်ဆံငယ်ကို ကလေးတစ်ယောက်လို ညီမလေးတစ်ယောက်လို စောင့်ရှောက်ကာ ဂရုစိုက်တတ်တာကိုလည်း ပန်းဦး သိထား၏။
"ဒီကနေ ဘယ်သွားဖို့ရှိသေးလဲ ကိုယ်တို့တော့ ပြန်ဆင်းတော့မှာ "
"ကျွန်တော်တို့ အင်းလေး ကလော ဆက်သွားဖို့ ရှိသေးတယ် ကိုနေ့ထူး "
ထိုအခါ ကိုနေ့ထူးက ခေါင်းညိတ်လိုက်ပြီး သူ့အမျိုးသမီးပန်းကန်ထဲ ဟင်းထည့်ပေးရင် ဆက်ပြောလာသည်။
YOU ARE READING
နှလုံးသားကို ချည်တဲ့ကြိုး
Romanceနေမြဲစေ လင်းစွမ်းရည်ပိုင် ပန်းဦးကဗျာ နှင်းသဲအလင်္ကာ