"ငါ ဘာဆက်လုပ်ရမလဲဆိုတာ ပြောကြပါတော့ "
လမ်းပျောက်နေတဲ့သူနှယ် ဆံပင်တွေကို ဆွဲဖွရင်း ပြောလာတဲ့ လင်းစွမ်းကို ကြည့်ကာ နှင်းသဲတို့လည်း စိတ်မကောင်း ဖြစ်မိနေကြသည်။
"နင် ချစ်မိသွားမှာ ကြောက်နေတာလား လင်းစွမ်း! ရင်မဆိုင်ရဲမှာ ကြောက်နေတာလား "
"အဲ့သဘောပဲဟာ ဘယ်သူက ငါနဲ့အတူတူ လောကဓံတွေ ပတ်ဝန်းကျင်တွေကို ရင်ဆိုင်ချင်မှာလဲ ပြီးတော့ အဲ့လူက ကိုနေမြဲစေဖြစ်နေတာ ပိုဆိုးသေးတယ် "
လင်းစွမ်းပြောတော့ နှင်းသဲက ငြိမ်သွားသည်။ အတန်ကြာ တိတ်ဆိတိနေပြီးမှ ပန်းဦးထံမှ ခပ်တိုးတိုးပြောလာသည်။
"ငါစုံစမ်းရသလောက် ကိုနေမြဲမှာ ယောက်ျားလေးချစ်သူ ရှိခဲ့ဖူးတယ် "
"ဘယ်လို!!! "
ပြောလာတဲ့ ပန်းဦးရဲ့စကားကြောင့် လင်းစွမ်းနဲ့ နှင်းသဲမှာ မျက်လုံးကို ပြူးခနဲ။ မထင်မှတ်ထားတဲ့ ကိစ္စကြီး မဟုတ်လား။
"ဘာဖြစ်တယ်! နင်က ဘယ်လိုသိတာလဲ "
"ငါ နည်းနည်းစုံစမ်းထားတာ "
နည်းနည်းစုံစမ်းထားတာသာ ပြောတာ ဘယ်တုန်းကမှ မကြားဖူးတဲ့အကြောင်းအရာတွေမို့ လင်းစွမ်းတို့မှာ မျက်လုံးပိုပြူးရသည်။ ပန်းဦးမှာ အဆက်အသွယ်အများကြီးရှိတယ်ဆိုတာကို သိထားပေမယ့် အဲ့လောက်ကြီးအထိတော့ ထင်မထားခဲ့တာ။
"နည်းနည်းရော ဟုတ်ရဲ့လား! "
နှင်းသဲက စူးခနဲ အော်ကာမေးတော့ မှင်သေသေမျက်နှာဖြင့် ခေါင်းညိတ်လာသေးသည်။ တကယ်ကိုမှပဲ။
"ဆက်ပြောပြပါအုံး! "
" မရှိတော့ဘူး အဲ့ဒါပဲ! "
"သူ့ကောင်လေးက ဘယ်ရောက်သွားလဲ "
"မသိဘူးလေ "
"အယ် စုံစမ်းမယ့်စုံစမ်းတော့ အကုန်သိအောင် စုံစမ်းပါ့လား"
"နည်းနည်းပါးပါး ပါဆို! အဲ့ဒါက သူကိုယ်တိုင် သိခွင့်ပေးထားတဲ့ အကြောင်းအရာတွေ မို့လို့ပေါ့ မဟုတ်ရင် သိပါ့မလား "
ပန်းဦးကလည်း မျက်နှာတည်တည်ဖြင့် ပြောလာသည်။ နှင်းသဲက ချော့သလိုပုံစံဖြင့် အနားသွားကပ်လိုက်ပြီးမှ
YOU ARE READING
နှလုံးသားကို ချည်တဲ့ကြိုး
Romanceနေမြဲစေ လင်းစွမ်းရည်ပိုင် ပန်းဦးကဗျာ နှင်းသဲအလင်္ကာ