"တော်တော်မှ ပျော်နေရဲ့လား "
"ဟင် "
ကမူးရှူးထိုးဖြင့် မေးလာသူသည် တစ်ခြားသူမဟုတ် ကိုထင်ရှားပင် ဖြစ်သည်။ ထိုသူက လင်းစွမ်းကို ခြေဆုံးခေါင်းဆုံး ကြည့်ပြီး
"ဘာလဲ ယောက္ခထီးက လက်ခံလိုက်ပြီလား "
"ခင်ဗျား ဘာတွေလာပြောနေတာလဲ "
"အဟက်! ဘာနဲ့ စည်းရုံးလိုက်တာလဲ နွေနဲ့တုန်းကတောင် ခါးခါးသီးသီး ဖြစ်နေတဲ့လူတွေက "
"ခင်ဗျား အပူပါလို့လား ကိုထင်ရှား "
"အေး ပါတယ်ကွ ပါတယ် "
ပုံစံက ရန်လိုနေတဲ့ဟန်ကြောင့် လင်းစွမ်း နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိသည်။ကိုထင်ရှားရဲ့ ပုံစံက အသိစိတ်လွတ်နေသလိုပင်။ လင်းစွမ်းကို အန္တရာယ်ပေးမယ့် အရိပ်အယောင်အပြည့်မို့ ဆိုင်ထဲသို့ ပြန်၀င်ရန် ကြိုးစားပေမယ့် မမှီတော့ချေ။ လက်ကောက်၀တ်ကနေ အားနဲ့ ဆွဲယူခံလိုက်ရပြီး ကားထဲသို့ အတင်းထိုးထည့်တာခံလိုက်ရသည်။ ပြီးနောက်မှာတော့ ကားတံခါးကို လော့ချပစ်ပြီးနောက် လင်းစွမ်းရဲ့ မျက်နှာကို အ၀တ်စဖြင့် လာအုပ်သည်။ လင်းစွမ်းမှာ ဘာမှပြန်မလုပ်နိုင်ခင်မှာဘဲ မူးဝေသွားပြီး မောင်းတော့ဟူသည့်အသံကို ကြားပြီးနောက် လောကကြီးဖြင့် အဆက်အသွယ်ပြတ်သွားတော့သည်။
-
-" အာ့ ကျွတ် ကျွတ် "
တစ်ကိုယ်လုံး နာကျင်နေတဲ့ ခံစားချက်နှင့်အတူ လင်းစွမ်း အမှောင်ထဲမှာ နိုးထလာရသည်။ မျက်လုံးကို ခပ်ဖြည်းဖြည်းဖွင့်ကြည့်ပေမယ့် တိုးဖျော့သော အလင်းရောင် သဲ့သဲ့လေးသာ တွေ့ရပြီး အရာရာက အမှောင်အတိ။အခြေအနေကို သတိထားမိစွာဖြင့် ကဗျာကယာကုန်းထလိုက်သော် ခြေချင်း၀တ်မှာ ချည်ထားတဲ့ သံကြိုးကြောင့် လင်းစွမ်း စိတ်ထဲ တင်းခနဲ ဖြစ်သွားသည်။
"တောက်!! "
လင်းစွမ်းလည်း ဘေးနားမှာ တစ်ခုခုရှိလိုရှာငြား စမ်းကြည့်ကြည့်တော့ ဘာမှမတွေ့။ အခန်းလွတ်ထဲ ကုတင်တစ်လုံးနဲ့ လင်းစွမ်းကို ထားထားဟန်တူသည်။
YOU ARE READING
နှလုံးသားကို ချည်တဲ့ကြိုး
Romanceနေမြဲစေ လင်းစွမ်းရည်ပိုင် ပန်းဦးကဗျာ နှင်းသဲအလင်္ကာ