"ဟေး Boss အခြေအနေ မကောင်းဘူးလား "
"ဟုတ်တယ် တစ်မနက်လုံး စကားမပြောဘူး "
"သွားလည်းမမေးရဲဘူး "
တီးတိုးပြောသံတွေကြားနေရလည်း လင်းစွမ်း စိတ်နှင့်လူနှင့် မကပ်နိုင်။ idol အဖွဲ့က ထိုင်းမှာ MV ရိုက်မှာမို့ လိုက်လာရင်း လင်းစွမ်းဘဝ ကမောက်ကမတွေ ဖြစ်ကုန်ပြီ။ လင်းစွမ်းကိုယ်တိုင် ငြင်းစွမ်းနိုင်စွမ်းမရှိပါဘဲ ကျရောက်ခဲ့ရတဲ့ သားရဲတွင်းအကြောင်း စဥ်းစားမိလိုက်တိုင်း ခန္ဓာကိုယ်တစ်ခုလုံး ပူရှိန်းလာကာ စိတ်တွေ နွမ်းနယ်လာသည်။
"ဟူး "
သက်ပြင်းကို အကြိမ်ကြိမ်ချရင်း မျက်နှာကိုသာ ခဏခဏပွတ်ချနေမိသည်။ အကြောင်းအရာတစ်ခုကိုသာ ထပ်ခါတလဲလဲ တွေးမိနေရင်း စိတ်တွေပိုမိုရှုပ်ထွေးလာရသည်။
"အဆင်မပြေရင်လည်း ပြန်နားလိုက်ပါလား Boss! "
"ဟင် "
"ဟုတ်တယ် ဒီမှာအကုန်ရှိနေတာပဲ Boss စိတ်မပူပါနဲ့ "
မောင်မောင်နဲ့ ရှိန်က အနားရောက်လာပြီး လာပြောသည်။ ကိုယ်တိုင်လုပ်ရမှ ကျေနပ်တဲ့ လင်းစွမ်းကလည်း ရိုက်ကွင်းကနေ မပြန်ချင်။ ကလေးတွေကို စောင့်ကြည့်ပေးနေချင်သေးသည်။
"ကိုယ် ဒီမှာပဲ နားလိုက်မယ် ဟိုတယ် မပြန်ချင်လို့! "
ကိုမိုးဆွေလည်း မပါခဲ့တာမို့ လင်းစွမ်းတစ်ယောက်ထဲ ဖြစ်နေတာ။ တစ်ဆက်ထဲလည်း PA တစ်ယောက်လောက် ခန့်အုံးမှပဲဟု တွေးမိသွားသေးသည်။
"ဒီမှာက သက်တောင့်သက်သာ မရှိဘူးလေ Boss "
ကလေးတွေ ပြောတာ မှန်ပေမယ့်လည်း ဟိုတယ်မှာ မျက်နှာချင်းဆိုင်ရမယ့်လူ ရှိနေတာကြောင့် မပြန်ချင်တာ ဖြစ်သည်။
"ရတယ် စိတ်ဖြောင့်ဖြောင့်လုပ်နေ ကိုယ်ခဏပဲ ကြည့်မှာ "
လင်းစွမ်းပြောလိုက်တော့မှ နှုတ်ဆက်ပြီး လင်းစွမ်းအနားက ထွက်သွားကြတော့သည်။ ခဏနေတော့ လင်းစွမ်းအနားကို ကလေးတွေရဲ့ မန်နေဂျာ ကိုရဲရင့်ရောက်လာပြန်သည်။
"Boss နေလို့မကောင်းဘူးဆို ခရီးပန်းနေတာလား "
"ဟင် အင်း! ဟုတ်မယ် "
YOU ARE READING
နှလုံးသားကို ချည်တဲ့ကြိုး
Romanceနေမြဲစေ လင်းစွမ်းရည်ပိုင် ပန်းဦးကဗျာ နှင်းသဲအလင်္ကာ