-29-

1.2K 51 11
                                    

ပန်းဦးရဲ့ အကူအညီနဲ့ Beauty နှင့် Queen က Owner တွေကို သွားတွေ့ကာ ကမ်းလှမ်းချက်လုပ်လိုက်သည်။ ကျန်သူတွေရဲ့ ရှယ်ရာတွေကိုလည်း လင်းစွမ်း ၀ယ်ထားပြီးပြီမို့ ခက်ခက်ခဲခဲတော့ မစည်းရုံးလိုက်ရ။ တန်ရာတန်ကြေးထက် ပိုပေးပြီး ကုမ္ပဏီနှစ်ခုကို ၀ယ်ပစ်ကာ နှစ်ခုတစ်ခုပေါင်းလိုက်ပြီး နာမည်အား NAY ဟူ၍ ပေးလိုက်သည်။ Perfect လို Entertainment ကုမ္ပဏီဖြစ်ပေမယ့် Perfect လက်အောက်မသွင်းဘဲ သီးခြားထားထားသည်။ ပြီးနောက် လင်းစွမ်း ကြံစည်ထားတဲ့ အကြံအစည်ကို အကောင်အထည်ဖော်ရန် ပြင်ဆင်တော့သည်။

"ကလေးလေး နားပါအုံးကွာ "

"နားမှာ နားမှာ ဒီနေ့တော်တော်ပင်ပန်းနေပြီ ကိုကိုရာ"

တစ်ချိန်ဖုန်းပြောလိုက် lap top ကိုကြည့်လိုက်ဖြင့် အလုပ်ရှုပ်နေတဲ့ ကလေးကို ကြည့်မနေနိုင်စွာ ပြောတော့ ခေါင်းလေးတဆတ်ဆတ်ညိတ်ရင်း ပင်ပန်းနေကြောင်းပြောကာ ဆိုဖာပေါ် မှောက်ရက်လှဲချပစ်သည်။ နေမြဲလည်း အနားသွားပြီး ၀တ်ထားတဲ့ ခြေအိတ်လေးတွေ ချွတ်ပေးလိုက်သည်။

"ရေချိုးမလား ကလေး "

"ဟင့်အင်းကိုကို လင်းစွမ်း ခေါင်းနည်းနည်းကိုက်လို့"

"စိတ်ဖိစီးတာတွေများလို့ထင်တယ် ကိုကိုနှိပ်ပေးမယ် "

ပြောပြောဆိုဆိုဖြင့် ကိုကိုက လင်းစွမ်းရဲ့ ခေါင်းရင်းဘက်မှာ ၀င်ထိုင်လိုက်ပြီး လင်းစွမ်းရဲ့ ခေါင်းကို ကိုကို့ပေါင်ပေါ်သို့ တင်လိုက်သည်။ ပြီးနောက် ဆံပင်လေးတွေထဲ လက်တွေတိုး၀င်ကာ ဦးရေပြားအနှံ့ ခပ်ဖွဖွနှိပ်ပေးလိုက်ပြီး နားထင်လေးတွေကိုပါ နှိပ်နယ်ပေးလိုက်သည်။ ခေါင်းကို ကိုင်ရင် အိပ်ချင်တဲ့ လင်းစွမ်းက မျက်တောင်လေးတွေ တဖြည်းဖြည်း မှေးစင်းလာ၏။

"စွမ်းသေးသေးလေး အိပ်မပျော်သွားစေနဲ့နော် "

"မအိပ်ပါဘူး "

နေမြဲရဲ့လက်က ကောင်လေးရဲ့ ဦးခေါင်းအနှံ့ပြေးလွှားနေခဲ့ပြီး သက်သာစေဖို့ နှိပ်နယ်ပေးနေခဲ့သည်။ တစ်နေ့တစ်ခြား ချစ်လာခြင်းတွေမှာ ဒီကောင်လေးအပေါ် အပြည့်အလျှံပင်။ အသေးစိတ် ဂရုစိုက်ပေးချင်တာတွေ၊ သူရဲ့ နေ့ဓဒူ၀ ကိစ္စတွေမှာ ဘယ်လို အခန်းကဏ္ဍကဖြစ်ဖြစ် ပါ၀င်ချင်တာတွေက ချစ်ခြင်းမေတ္တာရဲ့ တစ်စိတ်တစ်ပိုင်းပင် ဖြစ်လိမ့်မည်။ လင်းစွမ်းရည်ပိုင်ဆိုတဲ့ ကောင်လေးက သူ့အကာအကွယ်တောင် မလိုအပ်ဘဲ ရပ်တည်နိုင်တဲ့သူ ဆိုပေမယ့် သူကတော့ ကာကွယ်ပေးချင်တယ်။ စောင့်ရှောက်ပေးချင်တယ်။ ရင်အုပ်မကွာထားချင်တယ်။ သူ့လက်ထဲမှာ ပြည့်ပြည့်စုံစုံနဲ့ ထားချင်တယ်။ ဒါတွေက ကောင်လေးအပေါ်ထားတဲ့ သူ့အတ္တတွေသာ။

နှလုံးသားကို ချည်တဲ့ကြိုး Where stories live. Discover now