-13-

1.1K 58 5
                                    

" one two three action "

ဒါရိုက်တာရဲ့ အော်သံဆုံးတာနဲ့ ရိုက်ကွင်းထဲမှာ သရုပ်ဆောင်မယ့် မင်းသားတွေ အပါအဝင် camera ချိန်တဲ့သူ အသံဖမ်းတဲ့သူက အစ အဆင်သင့် ဖြစ်နေပြီ။ နယ်ဆင်းပြီး နယ်က ကျောင်းမှာ အရင်စရိုက်ရတာမို့ အဓိကဇာတ်ဆောင်တွေနှင့် သူငယ်ချင်းတွေကသာ အဓိက ဖြစ်နေသည်။စရိုက်ရတဲ့အခန်းက မင်းချစ်သူမောင်နဲ့ ချမ်းမြေ့ဦးသော်တို့ ကျောင်းစတက်တဲ့နေ့မှာ ဆုံတဲ့အခန်းကို စရိုက်ရတာ ဖြစ်သည်။

" ဘယ်လိုလဲ အစ်မ စိတ်ကျေနပ်မှု ရှိရဲ့လား "

"စိတ်ကျေနပ်ပါတယ် နောက်ရက်တွေ Mirella မလာတော့ဘူးနော်! Mirella ရှိနေရင် သူတို့လေးတွေ အနေရခက်နေမှာ စိုးတယ် "

ရိုက်ကွင်းမှာ သရုပ်ဆောင်နေကြတဲ့ သရုပ်ဆောင်အသစ်လေးတွေကို လှမ်းကြည့်ရင်း ပြောလာသည်။လူငယ်ပိုင်း သရုပ်ဆောင်တွေသာ အသစ်တွေ ဖြစ်ပြီး လူကြီးပိုင်းတွေကိုတော့ နာမည်ရှိပြီးသား ဝါရင့်သရုပ်ဆောင်တွေကို အသုံးပြုထားတာ ဖြစ်သည်။ ဘယ်လိုပဲ ဖြစ်ဖြစ် စာရေးသူကြီး ငုပ်တုပ်ရှိနေရင်တော့ အမှားလုပ်လို့မဖြစ်ဘူးဆိုတဲ့စိတ်နဲ့ ဖိအားများတတ်ကြတာကိုး။

"ရပါတယ် အစ်မရဲ့ "

လင်းစွမ်းက အစ်မ အားနာနေမှာစိုး၍ ပြောလိုက်သည်။ အစ်မက ခေါင်းခါပြရင်း

"မဟုတ်ဘူး Mirella က Pressure မပေးချင်လို့ သူတို့ပုံစံအတိုင်း Perfect ရဲ့ပုံစံအတိုင်း ထွက်လာတာကို လိုချင်တာရယ် ဘယ်လိုပုံစံလေး လာမလဲ Mirella လည်း ရင်ခုန်ချင်တယ်လေ "

"ဟား တို့အစ်မကတော့ စိတ်ချလက်ချ ထားသွားပြီပေါ့ "

"အဟင်း ယုံတယ်လေ Mirella လည်း အလုပ်ဖြတ်စရာလေး ရှိနေလို့ "

"ဟုတ်ပါပြီဗျာ ကျွန်တော် လင်းစွမ်း အကောင်းဆုံး ကြိုးစားပါ့မယ် "

အသိအမှတ်ပြုသလို ခေါင်းညိတ်တော့ လင်းစွမ်းလည်း ငြိမ်နေလိုက်သည်။ တစ်ဆက်တည်းလည်း တော်တော့်ကို တိတ်ဆိတ်တဲ့ အစ်မလို့လည်း မှတ်ချက်ချမိသည်။ လူတွေကို မကောင်းတတ်လို့ ဆက်ဆံနေရတာမျိုး မဟုတ်ဘဲ သူ့ပုံစံအတိုင်း ငြိမ်ငြိမ်လေးသာ နေပြီး သူ့ကိုစကားသွားစရင်တော့ တက်တက်ကြွကြွဖြင့် ပြန်ပြောပေးတတ်သည်။ လင်းစွမ်းလည်း ကြည့်နေရင်းမှ ကိုယ့်အခြေအနေကို ဒီအစ်မဆီ ရင်ဖွင့်ချင်လာသည်။ ကိုကို့စိတ်ထဲ ဘာတွေရှိနေလဲလည်းဆိုတာကို ခန့်မှန်းပေးစေချင်လာသည်။

နှလုံးသားကို ချည်တဲ့ကြိုး Where stories live. Discover now