"ကိုနေ ဒါက မောင်မောင်တို့ရဲ့ Boss ပါ ကိုလင်းစွမ်းရည်ပိုင်တဲ့ "
"Boss ဒါက ကျွန်တော်တို့ ပြောထားတဲ့ Music Producer ကိုနေမြဲစေ ဆိုတာ "
လင်းစွမ်းက ကိုကို့ကို သိပြီးသားပုံစံဖြင့် နှုတ်ဆက်ရန် ပြင်လိုက်ပေမယ့် ကိုကိုကတော့ နှုတ်ခမ်းတွေကို ခပ်တင်းတင်းစေ့ထားကာ ခပ်တည်တည်ပုံစံနဲ့မို့ ကိုယ်ရှိန်သတ်ကာ ပြုံးပဲပြုံးပြလိုက်ရသည်။မပြုံးမရယ် မျက်နှာဖြင့် လင်းစွမ်းကို အသိအမှတ်ပြုသလို ခေါင်းညိတ်ပြပြီး သီချင်းစာရွက်တွေကိုသာ အာရုံစိုက်နေသည်။ လင်းစွမ်းလည်း လေပူလေး တစ်ချက် မှုတ်ထုတ်လိုက်ပြီးမှ
"အဲ့ဒါဆို လိုအပ်တာတွေ လိုချင်တာတွေကို ကိုနေမြဲစေနဲ့ ဆွေးနွေးလိုက်ကြနော် ကိုယ်ကတော့ ဟိုမှာရှိနေမယ် "
ကိုကို့ရဲ့ Condo ကို ရောက်နေကြတာ ဖြစ်ပြီး ကလေးတွေက စားဖို့သောက်ဖို့တောင် ပြင်ဆင်လာကြသေးသည်။ လင်းစွမ်းလည်း ဧည့်ခန်းက ဆိုဖာခုံလေးမှာ ငြိမ်ငြိမ်လေး ထိုင်နေရင်းနဲ့ ကိုမိုးဆွေဆီ စာလှမ်းပို့လိုက်သည်။ ငြိမ်ငြိမ်လေး ထိုင်နေရင်းနဲ့ပဲ အလုပ်လုပ်နေသူတွေထံ ငေးကြည့်နေမိသည်။ Headphone ကို လည်ပင်းမှာ ချိတ်ထားပြီး စာရွက်တွေကို ကြည့်လိုက် ကလေးတွေကို မေးလိုက် လုပ်နေတဲ့ ပုံစံက တော်တော်ကို ကြည့်ကောင်းလှသည်။
"ကိုကျော်ဇေ မျက်မှန်လေး ယူခဲ့ပေးပါအုံး "
မလှမ်းမကန်းမှာ ရှိနေတဲ့ မန်နေဂျာ ဖြစ်သူ ကိုကျော်ဇေဆိုသူကလည်း မျက်မှန်ကို ချက်ချင်းယူလာပေးသည်။ အင်း မျက်မှန်တပ်လိုက်တော့လည်း ကြည့်ကောင်းနေတာပဲ။ မတွေ့ရတဲ့ ရက်တွေအတွင်းမှာ ကိုကိုက တော်တော့်ကို ကြည့်ကောင်းလာတာလား။ လင်းစွမ်းလည်း နှုတ်ခမ်းကို ခပ်ဖွဖွကိုက်ကာ စဥ်းစားလိုက်ပြီး Group chat ထဲ စာပို့လိုက်တော့သည်။
"ဟရောင်တွေရေ ကိုနေမြဲစေကြီးက စောက်ရမ်းကြည့်ကောင်းနေတယ် "
"ကင်နမ်ဂျွန်းနဲ့ဆို ဘယ်သူက ပိုချောလဲ "
"ကိုကို "
"ဘယ်လို!! "
"ကိုကိုနမ်ဂျွန်းက ချောတယ်လို့ပြောတာ "
YOU ARE READING
နှလုံးသားကို ချည်တဲ့ကြိုး
Romanceနေမြဲစေ လင်းစွမ်းရည်ပိုင် ပန်းဦးကဗျာ နှင်းသဲအလင်္ကာ