"လာ ကလေး ဖြေးဖြေးလျှောက်နော် "
"ဟုတ်ကဲ့ ကိုကို "
နှင်းဆီဖြူတွေကို ပွေ့ပိုက်ထားရင်း ကိုကို ခေါ်ဆောင်ရာနောက်ကို လိုက်လာခဲ့မိသည်။ အရွယ်အစား မညီသော ရောင်စုံအုတ်ဂူ အစီအရီတွေကို လှမ်းကြည့်ရင်း ရင်တွင်းနေရာက လွမ်းတဲ့စိတ်က လှိုက်တတ်လာသည်။ ကိုကို့မျက်၀န်းတွေကို ငေးကြည့်မိတော့လည်း မှုန်မှုန်မှိုင်းမှိုင်း။
"ကိုကို "
"ဗျာ "
"၀မ်းနည်းနေလားဟင် "
လင်းစွမ်းက မေးတဲ့အခါ ကိုကိုက ငဲ့စောင်းကြည့်ရင်း ခေါင်းခါပြသည်။ အကြည့်တွေကတော့ မှိုင်းရီနေတာကြောင့် ကိုကို ၀မ်းနည်းနေမှန်း လင်းစွမ်း သိလိုက်ပါပြီ။ကိုကို့လက်ကို ခပ်တင်းတင်းဆုပ်ကိုင်ရင်း ခပ်ဆိတ်ဆိတ်သာ လိုက်ပါခဲ့သည်။ တစ်နေရာအရောက်မှာတော့ ခြေစုံရပ်လိုက်ပြီး
"ဒီနေရာပဲ ကလေး "
ဖြူလွှလွှအုတ်ဂူလေးရှေ့ ကိုကိုက ခြေစုံရပ်လိုက်တော့ လင်းစွမ်းလည်း တုန့်ခနဲ ဖြစ်သွားသည်။ ကိုကိုက အုတ်ဂူပေါ်မှ နှင်းဆီပန်းခြောက်တွေကို ဖယ်ရှားလိုက်ရင်း လင်းစွမ်း ပွေ့လာတဲ့ နှင်းဆီဖြူတွေကို လွှဲပြောင်းကာ ယူလိုက်သည်။ ပြီးနောက် သန့်ရှင်းနေတဲ့ အုတ်ဂူပေါ် လတ်ဆတ်နေတဲ့ နှင်းဆီဖြူတွေကို တယုတယတင်လိုက်ပြီး
"ကိုယ်ရောက်လာတယ် နွေ နွေကြိုက်တဲ့ ပန်းတွေလည်း ၀ယ်ခဲ့တယ် "
လင်းစွမ်းရဲ့ နှလုံးသားထဲ တင်းကြပ်ကြပ်ဖြစ်သွားသည်။ ကိုကိုက အချိန်တွေအကြာကြီး တစ်စုံတစ်ယောက်ကို သတိရခြင်းတွေကို သိမ်းထုပ်သယ်ပိုးထားခဲ့ရမှာ။ လင်းစွမ်းရောက်လာလို့ ဒီဒဏ်တွေ သက်သာသွားတယ်လို့ ၀န်ခံဖူးတော့ ကိုကို့ဘ၀ထဲ စောစောမ၀င်မိတဲ့ ကိုယ့်ကိုကိုယ် အားမလိုအားမရဖြစ်မိခဲ့ရသည်။
"ဒီနေ့က နွေ့ကို မိတ်ဆက်ပေးချင်တဲ့သူ ရှိလို့ နွေ "
"ဒါ ကိုယ့်ချစ်သူ လင်းစွမ်းရည်ပိုင်တဲ့ ကိုယ် လက်ထပ်ဖို့အထိ ရည်ရွယ်ပြီး ချစ်ရတဲ့သူပါ "
YOU ARE READING
နှလုံးသားကို ချည်တဲ့ကြိုး
Romansaနေမြဲစေ လင်းစွမ်းရည်ပိုင် ပန်းဦးကဗျာ နှင်းသဲအလင်္ကာ