-22-

788 50 11
                                    

"နေမြဲစေ မင်း သူ့ကို ဘာမှမပြောရသေးဘူးလား "

လင်းစွမ်းက အပြင်ဘက်ထွက်သွားတာနဲ့ ထင်ရှားက မေးလာသည်။ နေမြဲက အေပရွန်ကို ချွတ်ကာ တင်ထားလိုက်ပြီး မတ်တပ်ရပ်၍ ပေါင်မုန့်ကြက်ဥကြော်ကို စားရင်း ပြန်ဖြေသည်။

"အင်း ဟုတ်တယ် အခွင့်အရေးရှာပြီး ပြောမလို့ "

"သြော် ငါက ​သိပြီးသား ထင်နေလို့ sorry ကွာ "

ထင်ရှားက သူ့အပြစ်မကင်းသည့်ဟန်ဖြင့် ပြောလာတော့ နေမြဲလည်း လက်ကာပြလိုက်ပြီး

"အေးပါ ဒါနဲ့ မင်း သီချင်းလား ပြပါအုံး "

"ငါ့သီချင်းကို ခဏထားပါအုံး ငါမေးစရာတွေ ရှိသေးတယ် "

"ခုနကကျတော့ အရေးကြီးတယ်ဆို "

နေမြဲမှာ စိတ်အလိုမကျဖြစ်သွားသည်။ သီချင်းကိစ္စဆိုရင်လည်း မြန်မြန်ပြောပြီး မြန်မြန်ပြန်စေချင်သည်။ ဒီနေ့တနေကုန် ကလေးအနားကပ်ဖို့ တွေးထားတာ။ တစ်ဆက်ထဲလည်း အခန်း Password ကို ပြောင်းပစ်ဖို့ တွေးလိုက်သည်။

"အဲလောက် အရေးမကြီးပါဘူး "

"ဘာမေးမလို့လဲ မေးလေ "

နေမြဲအသံက ခပ်ရင့်ရင့်ဖြစ်သွားသည်။ အရေးမကြီးဘူးဆို စောစောစီးစီး ဘာလာလုပ်ပြီး သူများအချိန်ကောင်းလေးကို လာဖျက်ဆီးရတာလဲ။

"ဟ! မင်းပုံစံကလည်း မြန်မြန်မေးပြီး မြန်မြန်သွား ဆိုတဲ့ပုံစံနဲ့ "

"သိသာသွားလား "

"မင်းက တကယ်ပဲနော် ငါက သူငယ်ချင်း အရင်းကြီးဆို အခုမင်းဆက်ဆံပုံကို ကြည့်အုံး "

"မရစ်နဲ့ ထင်ရှားရာ ကလေးက နေသိပ်ကောင်းတာ မဟုတ်ဘူး ငါ ဂရုစိုက်ရအုံးမှာ သိပ်အားတာမဟုတ်ဘူးဟ "

နေမြဲမှာ အခြေအနေကို သိအောင် ပြောပြလိုက်သည်။ ထင်ရှားရဲ့ မျက်နှာက မည်းခနဲ ဖြစ်သွားပြီးမှ ရေတစ်ခွက် ငှဲ့သောက်ကာ စကားကိုဆက်ပြန်သည်။

"မင်း ဘ၀မှာ သူကပဲ အရေးကြီးတာလား "

"အေးပေါ့ ငါ့ဘ၀ရဲ့ အ​ရေးကြီးဆုံးက သူပဲ "

"နွေကရော "

"ဟင် "

"ဆုံးသွားတဲ့ နွေကရော မင်း ငါးနှစ်လောက် မေ့မရဖြစ်ခဲ့ပြီးတော့ အခုမှ ချက်ချင်း မေ့နိုင်သွားတာလား "

နှလုံးသားကို ချည်တဲ့ကြိုး Where stories live. Discover now