" Morning လင်းစွမ်း "
"Morning ကိုကို "
မနက်မိုးလင်းထဲက တံခါးခေါက်ကာ ရောက်လာသူကြောင့် လင်းစွမ်းလည်း ထဖွင့်ပေးလိုက်ရသည်။ ကိုထင်ရှားတော့ ပါမလာ။
" ကိုယ်လာတာ တအားစောသွားလား "
"ဟင့်အင်း လင်းစွမ်းလည်း နိုးနေပါပြီ "
"တော်သေးတာပေါ့ ပြီးရင် တစ်ခုခုသွားစားရအောင်လေ"
"ဟုတ် အဲ့ဒါဆို ပြင်လိုက်အုံးမယ်နော် "
လင်းစွမ်းလည်း ရေချိုးခန်းထဲ ဝင်ကာ ရေကို ခပ်သွက်သွက်ချိုးလိုက်သည်။ ရေချိုးနေတုန်း အပြင်ကနေ စကားသံတွေ ကြားလိုက်ရတာကြောင့် ကိုမိုးဆွေ ရောက်လာတာ ဖြစ်မည်ဟု တွေးလိုက်မိသည်။ ရေချိုးအဝတ်စားလဲပြီးလို့ ထွက်လာတော့ ကိုမိုးဆွေနဲ့ ကိုကိုက စကားပြောနေကြတာကို တွေ့လိုက်ရသည်။
"ဒီနေ့က ဒီoutfit နဲ့ ဖြစ်ပါ့မလား လင်းစွမ်း ရိုက်ကွင်းနေရာတွေ လိုက်ခွင့်တောင်းရမှာ ဆိုတော့လေ "
ကိုမိုးဆွေက လှမ်းပြောလာတော့ လင်းစွမ်းလည်း ကိုယ့်ကိုကိုယ် ပြန်ငုံ့ကြည့်လိုက်မိသည်။ ဟုတ်သား တီရှပ်နဲ့ ဘောင်းဘီတို့ကို ပေါ့ပေါ့ပါးပါး ဝတ်ထားတာကြောင့် သွားရမယ့်နေရာက အဆင်မပြေ။ ကျောင်းကို အဓိက သွားရမှာ ဖြစ်တာကြောင့် လင်းစွမ်းလည်း အဝတ်အစားလဲရန် စဥ်းစားလိုက်သည်။
"ဟုတ်သားပဲ ခဏနော် "
လင်းစွမ်းလည်း ရေချိုးခန်းထဲ ပြန်ဝင်လိုက်ပြီး style pant နဲ့ မိုးပြာရောင် တီရှပ်လေးကို ဝတ်ဆင်လိုက်သည်။ ပြီးနောက် အပြင်သို့ ထွက်လာတော့ ကိုမိုးဆွေက အခန်းထဲမှာ သိမ်းစရာရှိတာ သိမ်းဆည်းနေပြီး ကိုကိုကတော့ ခုံမှန်ထိုင်နေဆဲ။
"အဲ့ဒါဆို မနက်စာ စားဖို့ သွားလိုက်ကြမလား "
"ခဏလေး လင်းစွမ်း "
ကိုကိုက ပြောရင်း လင်းစွမ်းအနားကို ခြေလှမ်းကျဲတွေဖြင့် လျှောက်လာတာကြောင့် လင်းစွမ်းတောင် လန့်သွားရသည်။လင်းစွမ်းကို ခြေဆုံးခေါင်းဆုံးကြည့်ပြီးမှ ပြုံးလိုက်ကာ
![](https://img.wattpad.com/cover/354237285-288-k720697.jpg)
YOU ARE READING
နှလုံးသားကို ချည်တဲ့ကြိုး
Romanceနေမြဲစေ လင်းစွမ်းရည်ပိုင် ပန်းဦးကဗျာ နှင်းသဲအလင်္ကာ