- 4 -

1.4K 73 13
                                    

"အဲ့တော့ နင်က ကိုကိုချင်းထပ်နေအောင် ခေါ်ပစ်ခဲ့တယ်ပေါ့ "

"အေးလို့ သူရှက်နေတဲ့ ပုံကို ပြလိုက်ချင်တယ် သိလား "

"အသက်ဘယ်လောက်လဲ မေးခဲ့လား "

"no no လူတစ်ယောက်ကို အသက်မေးတာက ရိုင်းရာကျတယ်လေ သိချင်ရင် အလွယ်လေးသိရတဲ့ ခေတ်ကို "

"အဲ့တော့ နင်က သူ့အသက်ဘယ်လောက်လဲ သိတယ်ပေါ့"

"Yess လေးနှစ်ကြီးတယ် သူ့နာမည်က နေမြဲစေ Music Producer တစ်ယောက်! သူ့ဘာသာသပ်သပ်နေပြီး အိမ်ကိုတစ်ခါတစ်လေမှ ပြန်တတ်တဲ့သူ! သိုသိုသိပ်သိပ်နေတတ်ပြီး ရေခဲတုံးလိုမျိုးပဲ ပြီးတော့ ...."

"အမလေး တော်ပါပြီဟယ် တော်တော်ပဲနင်လည်း လင်းစွမ်း "

"ငါ စိတ်ဝင်စားသွားရင် အဲ့လိုပဲလေ "

နှင်းသဲနဲ့ နှစ်ယောက်သား အလုပ်ကိစ္စ ဆွေးနွေးကြမယ်ဆိုပြီးမှ ကိုနေမြဲစေအကြောင်းပဲ ထိုင်ပြောနေမိကြတာ ဖြစ်သည်။ ပန်းဦးကတော့ ပြင်ဦးလွင် သွားနေတာမို့ သူတို့စကားဝိုင်းထဲ မပါ။ ပါရင်လည်း ကျောက်ရုပ်လို နေနေမှာကို သိနေပြီးသား။ လင်းစွမ်းမှာ အလုပ်တွေ ပိနေတာကြောင့် နှင်းသဲနဲ့တောင် တစ်ပတ်လောက်ကြာမှ တွေ့ဖြစ်တော့တာ။ ပြောစရာရှိရင် Group Chat ထဲမှာပဲ ပြောဖြစ်နေကြတာ ဖြစ်သည်။

"ထပ်တွေ့ဖို့ ချိန်းခဲ့သေးတယ် သိလား ဒါပေမယ့် အင်းမလုပ် အဲမလုပ်ပဲ ဒါပေမယ့် ငါလည်းမအားတာနဲ့ ဖုန်းတောင်မဆက်ဖြစ်လိုက်ဘူး "

"တအားသွက်နေတာပေါ့ လင်းစွမ်းတို့ "

စွမ်းရည်ပိုင် ပုခုံးတွန့်ပြပြီးမှ ပြန့်ကျဲနေတဲ့ စာရွက်တွေကို ငုံ့ကြည့်သည်။စားပွဲပေါ်မှာလည်း စာအုပ်တွေရော စာရွက်တွေရော ပြန့်ကျဲလျှက်ရှိနေသည်။ နှင်းသဲ ရွေးပေးလာတဲ့ ဇာတ်လမ်းတွေက လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါးလေးတွေချည်း။ Drama ကြီးကြီးမားမား မပါပဲ မေတ္တာတရားကို နူးညံ့စွာ ပုံဖော်ပြထားတာတွေ ဖြစ်သည်။ အဲ့ဒီထဲမှာမှ စွမ်းရည်ပိုင် ထူးထူးခြားခြား ကြိုက်မိနေတာက ကျောင်းသားဇာတ်လမ်းလေး။

"ငါ ဒါလေး ကြိုက်နေတာ ကျောင်းသားဘဝ အငွေ့အသက်လေးနဲ့ ပြီးတော့ Seme က သီချင်းဆိုတာ "

နှလုံးသားကို ချည်တဲ့ကြိုး Where stories live. Discover now