"ကိုကိုက ငါ့ကို ဘယ်လိုသဘောထားနေတာလဲ မသိဘူး နှင်းသဲရာ "
"ဟင် ဘာဖြစ်လာကြတာလဲ အခုက "
"စိတ်ညစ်တယ် "
လင်းစွမ်းသည် တကယ့်ကို စိတ်ညစ်နေဟန်ဖြင့် ဆံပင်တွေကို ထိုးဖွကာ ပြောလာသည်။ ရန်ကုန်ပြန်ရောက်တာနဲ့ အလုပ်ကိုတန်းသွားတဲ့ လင်းစွမ်းကြောင့် နှစ်ယောက်သား အလုပ်ဆင်းပြီးမှ တွေ့ဖြစ်ကြတာ။
"ဘာစားမလဲ မှာလိုက်အုံး ပြီးမှ ဆက်ညစ် "
"စားလို့ရတာ အကုန်ချခိုင်းလိုက် "
အစားသိပ်မရွေးတဲ့သူတွေမို့ နှင်းသဲကပဲ ကြည့်ကာ မှာလိုက်ရသည်။ လင်းစွမ်းကတော့ အားအင်ကုန်နေသည့်နှယ် ထိုင်ခုံကို မှီလျှက်နေနေသည်။ နှစ်ယောက်သား ပြောစရာများနေတာကြောင့် ပန်းဦးကို ခေါ်မလာတော့တာ။
"အဲလိုပုံစံနဲ့ မနေနေနဲ့ ပြောအုံး ဘာဖြစ်လာတာလဲ "
"ကိုကိုက "
"အင်း "
"မနေ့က "
"အင်း "
"မနေ့ကဟာ "
"ပြောဟဲ့ "
"ပြောမယ် အားယူနေတာကို ဘာဖြစ်! "
"စိတ်မရှည်ဘူး "
နှင်းသဲ တကယ်စိတ်မရှည်တော့။ ပြောဖို့အရေးကို အားယူနေတာက မပြီးနိုင်မစီးနိုင်။
"ငါ့ကိုနမ်းတယ် "
"ဟမ်! "
ပြောလာတော့လည်း ဗုံမဆင့်ဆိုင်းမဆင့် တုံးတိ။ နှင်းသဲမှာ မျက်လုံးပြူး မျက်ဆံပြူး ဖြစ်သွားရသည်။
"အင်း သူက တမင်ရည်ရွယ်တာမဟုတ်လောက်ဘူး ဒါပေမယ့် ငါက စိတ်အခြေအနေ မကောင်းဘူးဟ! "
"နမ်းတာက တမင်ရည်ရွယ်တာပေါ့ဟဲ့ တစ်ခြားရှိမလား "
"ငါ့ကို ချစ်နေတာလဲမဟုတ်ဘဲနဲ့ မူးမှ လာနမ်းတာလေ သူ့စိတ်ထဲမှာ ငါက လွယ်ကူနေလို့လား ကစားလို့ရမယ်ထင်လို့လား အစုံပဲ ငါလိုက်တွေးနေတာ နင်သိလား နှင်းသဲ သူ့မျက်နှာကို ကြည့်ပြီး ငါ့နှလုံးသားကို ဖွင့်ထားလိုက်ဖို့ စိတ်ကိုလွှတ်ပေးလိုက်ဖို့ ငါတွေးဖူးတယ်ဟာ ဒါပေမယ့် ရေလိုက်ငါးလိုက်ပဲနေရမလား သူ့အနားက ထွက်ပြေးရမလား ငါမသိတော့ဘူး "
YOU ARE READING
နှလုံးသားကို ချည်တဲ့ကြိုး
Romanceနေမြဲစေ လင်းစွမ်းရည်ပိုင် ပန်းဦးကဗျာ နှင်းသဲအလင်္ကာ