"ကိုကိုနဲ့ condo လိုက်ခဲ့မလား "
ခွဲခဲ့ရတဲ့ ရက်တွေ များခဲ့တာမို့ အိမ်ပြန်ချိန်တွေကို နှုတ်မဆက်ချင်ပေ။ ဒါကြောင့် ကိုကိုနောက်ကို လိုက်သွားဖို့ လင်းစွမ်း ခေါင်းညိတ်မိသည်။ အိမ်ပြန်မအိပ်လို့ ဆူမည့်ဒယ်ဒီကလည်း လုပ်ကွက်ထဲ သွားနေတာမို့ လင်းစွမ်းတို့ လွတ်လပ်နေတာ ဖြစ်သည်။
"ဟုတ် လိုက်ခဲ့မယ်လေ "
"ကိုကို ဟင်းချက်ကျွေးမယ်လေ မနက်ဖြန်လည်း ရူတင်သွားမှာဆိုတော့ ကလေးရဲ့ စားရေးသောက်ရေးကို ကိုကိုတာ၀န်ယူပါရစေ "
ကိုကို့စကားကြောင့် လင်းစွမ်းမှာ နှစ်နှစ်ခြိုက်ခြိုက်ကို ပြုံးရသည်။ ကိုကိုက တကယ့်ကိုပဲ နှလုံးသားကို ရုန်းမထွက်နိုင်အောင် ချည်နှောင်ထားနိုင်သည်။ အပြန်လမ်းက စူပါမားကတ်တစ်ခုကို ၀င်ကာ ဟင်းချက်စရာတွေ ၀ယ်ရင်း နှစ်ယောက်သား နေမြဲရဲ့ condoသို့ ပြန်လာခဲ့လိုက်သည်။ ကားပေါ်မှာထဲက လင်းစွမ်းရဲ့ လက်ကို မလွတ်တဲ့ ကိုကိုက condo ပေါ်တက်တဲ့အထိ ဟင်းချက်စရာအထုပ်ကို တစ်ဖက် လင်းစွမ်းလက်ကို တစ်ဖက် ဆွဲထားသေးသည်။
"ကိုကို့ အိတ်ထဲမှာ ယူလိုက် "
အခန်းကတ်ကို ယူခိုင်းသဖြင့် လင်းစွမ်းလည်း ယူကာ ဖွင့်လိုက်သည်။ အထဲသို့ရောက်သည်အထိ လက်ကို မလွတ်သေးချေ။
"ကိုနေ "
"နေမြဲစေ!!!! "
ဒေါသတကြီး အော်ခေါ်သံကြောင့် လင်းစွမ်းတောင် တုန်ခနဲ ဖြစ်သွားရသည်။ လင်းစွမ်းရဲ့ လက်ကို ကိုင်ထားတဲ့ ကိုကိုလက်ရဲ့ အထိအတွေ့က ပိုပြီးတင်းကျပ်လာသည်။ အသံလာရာကို ကြည့်လိုက်တော့ ကိုကို့အဖေဖြစ်ဟန်တူသော လူကြီးတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုမြင်ကွင်းကြောင့် ကိုကို ဆုပ်ကိုင်ထားသည့် လက်ကို မသိမသာ ရုန်းလိုက်ပေမယ့် ကိုကိုက မလွှတ်ပေးချေ။ ကိုကျော်ဇေကလည်း မျက်စိပျက်မျက်နှာပျက် ဖြစ်နေ၏။
"ဖြေးဖြေးအော် အဖေ!! ကျွန်တော့်ကလေး လန့်သွားပြီ "
"နေမြဲစေ မင်း! "
"ကိုကျော်ဇေ ဒါလေးယူပြီး ရေခဲသေတ္တာထဲ ထည့်ပေးထားပါအုံး ဒါနဲ့ ဘာကိစ္စလဲ အဖေ "
YOU ARE READING
နှလုံးသားကို ချည်တဲ့ကြိုး
Romanceနေမြဲစေ လင်းစွမ်းရည်ပိုင် ပန်းဦးကဗျာ နှင်းသဲအလင်္ကာ