Perfect CEO ၏ ပျံ့နှံ့လာတဲ့ Dating နှင့် Dating News ပေါ်မူတည်ပြီး သူတို့ကို အသရေဖျက်ကြတဲ့ သတင်းတွေကို ဖြေရှင်းနည်းပုံစံက အင်တာနက်တခွင် ဟိုးလေးတကျော်ကျော် ဖြစ်သွားသည်။ အများအပြားလည်း တရားစွဲခဲ့ရပြီး ခံ၀န်ကတိတွေနှင့် ဒဏ်ငွေရိုက်ခံရတဲ့သူတွေလည်း ရှိသည်။
"အကောင်သေးသလောက် တော်တော်အဆိပ်ပြင်းတဲ့ ကောင် "
ကိုတည်တံ့စေက ခပ်တိုးတိုးဆိုသည်။ ထင်ထားသလို ဖြစ်မလာတော့ စိတ်ပျက်လက်ပျက်ဖြင့် ညီးတွားသည်။ အဓိက,က လင်းစွမ်းရည်ပိုင်ကို ဆိုရှယ်မီဒီယာကနေ တိုက်ခိုက်ခံရပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်အောင်နှင့် Press show မှာလည်း တမင် ဂယက်ထအောင် လုပ်ဆောင်ခြင်းလည်း ဖြစ်သည်။
"နောက်တစ်နည်း စဥ်းစားကြရအောင် ကိုတည် "
"မင်းလည်း တအားတက်ကြွနေတာပဲ ထင်ရှား နားစမ်းပါအုံး နေမြဲသိရင် မင်းရောငါရော ပြဿနာတက်မှာနော် "
"ရတယ် ဘာမှမဖြစ်ဘူး ဒီအချိန်က လှုပ်ရှားလို့အကောင်းဆုံးပဲ သူတို့ချင်း စိတ်၀မ်းကွဲနေတာ
ကိုတည် ကျွန်တော်လေ နွေ့တုန်းကလိုမျိုး ""တော်တော့ ထင်ရှား! အဲလိုမျိုး ထပ်မလုပ်နဲ့တော့ "
ကိုတည်က အလန့်တကြား ထအော်သည်။ ထင်ရှားကတော့ ဘာကိုမှ မစောင့်နိုင်တော့။ လင်းစွမ်းရည်ပိုင်ကို ခပ်မြန်မြန် ရှင်းထုတ်ပစ်ချင်နေပြီ။
"ဘာဖြစ်လို့လဲ "
"လင်းစွမ်းရည်ပိုင်က လျော့တွက်လို့ မရဘူးဆိုတာကို သိထား အသိုင်းအ၀ိုင်းလည်း ကြီးတယ် တစ်ခုခုဆို မင်းရော ငါရော ဂျေးထဲရောက်သွားနိုင်တယ် သိလား "
တစ်ဖက်ကစကား၀ိုင်းထဲ Boss ရဲ့နာမည်ကြားလိုက်တာကြောင့် မောင်မောင့်မှာ မတ်ခနဲ ဖြစ်သွားပြီး နားထောင်နေလိုက်သည်။
"ပြီးတော့ နေမြဲစေ! ဘာသံသယမှ မ၀င်သေးတာတောင် မင်းကို အကပ်ခံတော့လို့လား "
"ဒါကတော့ဗျာ "
"အေး အချိန်ကောင်းကို စောင့်ဖို့လိုတယ်ကွ "
"ကျွန်တော်လည်း ထပ်မလုပ်ဖို့ တွေးထားပေမယ့် နေမြဲနားမှာ ဘယ်သူ့မှ မရှိစေချင်တော့ဘူး "
![](https://img.wattpad.com/cover/354237285-288-k720697.jpg)
YOU ARE READING
နှလုံးသားကို ချည်တဲ့ကြိုး
Romanceနေမြဲစေ လင်းစွမ်းရည်ပိုင် ပန်းဦးကဗျာ နှင်းသဲအလင်္ကာ