"မနှင်းသဲအလင်္ကာ ထိုင်ပါရှင့် "
ထူးထူးဆန်းဆန်း ရွှေကျင်သွားတုန်းက ပန်းဦးခေါ်လာတဲ့ ကောင်မလေး ခင်နှင်းက တွေ့ချင်တယ် ဆိုလာ၍ နှင်းသဲလည်း မအားတဲ့ ကြားထဲက အပြေးအလွှား သွားတွေ့ပေးလိုက်ရသည်။ လင်းစွမ်းရဲ့ အလုပ်တွေကို ကူပေးနေရတာ ဖြစ်ပြီး ရန်ကုန်မှာ ရိုက်သည့် sence တွေကို နှင်းသဲ လိုက်ကြည့်ပေးနေရတာ ဖြစ်သည်။ လင်းစွမ်းကလည်း သစ်ပင်စိုက်မယ့် ကိစ္စနှင့် အလုပ်ရှုပ်နေသလို ပန်းဦးကလည်း သူ့အိမ်က အလုပ်ကိစ္စတွေနှင့် ရှုပ်လို့နေသည်။
"ဘာကိစ္စ ရှိလို့လဲ မသိဘူးနော် "
ခင်နှင်းအပါအ၀င် ကောင်မလေး သုံးယောက်မို့ နှင်းသဲလည်း အကဲခတ်ရင်း မေးလိုက်သည်။ အရင်ကတော့ ဘုမသိဘမသိ သ၀န်တွေ တိုခဲ့ပေမယ့် ပန်းဦး ရှင်းပြပြီးထဲက နှင်းသဲစိတ်ထဲ ဘာမှမရှိတော့။ ခင်နှင်းကိုလည်း ညီမလေးတစ်ယောက်လို ပေါ့ပေါ့ပါးပါး ဆက်ဆံလာနိုင်ပြီ။
"ထိုင်ပါဦး အစ်မ "
"အင်း အစ်မ အချိန်သိပ်မရလို့ မြန်မြန်လေး ပြောပေးလို့ရမလား "
"အင်း အဲဒါဆိုလည်း မိန်းကလေးချင်းတွေပဲ ဒဲ့ဘဲပြောတော့မယ် "
"အင်း ပြောလေ "
"တကယ်ပဲ အစ်မနဲ့ 'မ' နဲ့က ဘာလဲ "
ခင်နှင်းက စိတ်မရှည်တဲ့ လေသံ မနှစ်မြို့တဲ့ မျက်နှာထားဖြင့် နှင်းသဲကို ကြည့်ကာ မေးလာသည်။ နှင်းသဲလည်း စိတ်ထဲ တစ်မျိုးဖြစ်သွားပေမယ့် အမူအယာကို ထိန်းလိုက်ပြီး
" 'မ' ဆိုတာက ပန်းဦးကို ပြောတာလား "
ရည်ရွယ်တာကို သိပေမယ့်လည်း နှင်းသဲက မကြိုက်တဲ့ပုံစံမျိုးဖြင့် ပြန်မေးလိုက်သည်။
"သူ့အပြင် ဘယ်သူရှိအုံးမလဲ "
"အဟွန့် တို့နဲ့ သူရဲ့ ဆက်ဆံရေးကို တကူးတက ခေါ်မေးတာ ဆိုရင်တော့ sorry ပဲနော် ကိုယ်ရေးကိုယ်တာ ကိစ္စ မို့လို့ပါ "
နှင်းသဲ ပြောလိုက်တော့ ဟန်မဆောင်နိုင်တဲ့ ခင်နှင်းရဲ့ မျက်နှာက မည်းခနဲ ဖြစ်သွားသလို သူ့ဘေးမှာ ပါလာတဲ့ ကောင်မလေးတွေကလည်း လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ မျက်လုံးတွေကလည်း စူးစူးရဲရဲဖြင့် နှင်းသဲကို စိုက်ကြည့်လာပြီးနောက်
YOU ARE READING
နှလုံးသားကို ချည်တဲ့ကြိုး
Romanceနေမြဲစေ လင်းစွမ်းရည်ပိုင် ပန်းဦးကဗျာ နှင်းသဲအလင်္ကာ