ပန်းဦးငိုနေတယ်လို့ သတင်းကြားတာနဲ့ လင်းစွမ်းမှာလည်း အစည်းအဝေးလုပ်နေတဲ့တန်းလန်းနဲ့ ထားပစ်ခဲ့ပြီး နှင်းသဲရဲ့ အိမ်သို့ ရောက်လာခဲ့သည်။ ပြေးကြည့်မှ ဒီသူငယ်ချင်းတွေပဲ ရှိတာမို့ အမြဲတမ်း ပျော်နေစေချင်တာက လင်းစွမ်းတို့ရဲ့ ဆန္ဒပင်။ ဘယ်သူ့ကိုမှ မငိုစေချင် မထိခိုက်စေချင်ပေ။
"ဘာဖြစ်တာလဲ ပန်းဦး ဟင် နင့်ကို ဘယ်သူ လုပ်တာလဲ "
ပန်းဦးက အူလျားဖားလျားရောက်လာတဲ့ လင်းစွမ်းကို ကြည့်ကာ ထပ်ငိုပြန်သည်။ လင်းစွမ်းလည်း ရင်ခွင်ထဲ ထည့်ဖက်ပေးထားလိုက်ရင်း နှစ်သိမ့်လိုက်သည်။ ပန်းဦးက ခါးနားက အင်္ကျီစကို ဆွဲဆုပ်ထားရင်း ငိုရှာသည်။ နှင်းသဲကလည်း စိတ်မသက်သာဟန်ဖြင့် ဘေးမှာ မတ်တပ်ရပ်နေရင်း နှစ်သိမ့်လို့နေသည်။
"ငိုလိုက် ပန်းဦး ၀အောင်ငိုပြီးရင်တော့ ဘာဖြစ်လဲ ပြောပြရမယ်နော် "
ထိုအခါ ပန်းဦးက မျက်ရည်တွေကို ကုန်စင်အောင် သုတ်လိုက်ပြီးမှ ခေါင်းညိတ်ကာ
"ငါ ငါ အိမ်က ထွက်လာတာ "
"အိမ်က ထွက်လာတာ!! "
နှစ်ယောက်လုံးရဲ့ အာမေဋိတ်အသံက ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာသည်။ နှစ်ယောက်လုံး ဒီလိုစကားမျိုး တစ်ခါမှ မကြားဖူးခဲ့ဘဲ။ ပန်းဦးက ဆက်ပြောပြန်သည်။
"အင်း ဟုတ်တယ် အိမ်က ထွက်လာတာ ငါ သူတို့နဲ့ ဆက်မနေချင်တော့ဘူး ငါ့ကို မချစ်တဲ့ နေရာမှာ ငါဆက်မနေချင်တော့ဘူး "
"နင့်မာမီက ဘာပြောလိုက်လို့လဲ "
"ငါ့ကိုတော့ မပြောဘူး ဒယ်ဒီနဲ့ ရန်ဖြစ်နေတာ ငါက မလိုချင်ဘဲ ရလာတဲ့ကလေးတဲ့ ဒယ်ဒီအတင်းလုပ်လို့ ငါ "
ပြောရင်းအသံတိမ်၀င်သွားတဲ့ ပန်းဦးကို ကြည့်ကာ နှစ်ယောက်သား လိုက်ငိုကြတော့သည်။ ပြောရရင် အချစ်ခံရတဲ့ ရပ်၀န်းမှာ ရှင်သန်ခဲ့ကြတဲ့သူတွေချည်းမို့ ပန်းဦးရဲ့ အခြေအနေကို တိတိကျကျမခံစားနိုင်ကြသော်လည်း နှစ်ယောက်လုံးမှာ ကိုယ်ချင်းစာနေကြသည်။
"နင့်မာမီက ဟိုတစ်ခါမှာထဲက မမိုက်တာ "
"အင်း အဲလိုတော့ မပြောသင့်ပါဘူး ဘာပဲဖြစ်ဖြစ် ပန်းဦးက သူ့သမီးပဲလေ "
YOU ARE READING
နှလုံးသားကို ချည်တဲ့ကြိုး
Romanceနေမြဲစေ လင်းစွမ်းရည်ပိုင် ပန်းဦးကဗျာ နှင်းသဲအလင်္ကာ