"တွေ့ရတာ ဝမ်းသာပါတယ်ဗျ ကျွန်တော် လင်းစွမ်းရည်ပိုင် ပါ "
ကျောချင်းကပ်ဝိုင်းက မိတ်ဆက်သံကြောင့် နေမြဲ နားစွင့်လိုက်မိသည်။ မတွေ့ခဲ့ရတာ ဘယ်လောက်တောင် ကြာနေပြီဖြစ်တဲ့ အသံပိုင်ရှင်လဲ။ ဖုန်းနဲ့လည်း မဆက်သွယ်ခဲ့သလို မတော်တဆအခြေအနေမျိုးနဲ့တောင် နေမြဲတို့ မဆုံစည်းခဲ့ကြချေ။ သူကိုယ်တိုင်လည်း အဆက်အသွယ်လုပ်ဖို့ ဝန်လေးနေခဲ့မိတာ။ ဘာမှန်းမသိတဲ့ စိတ်က လင်းစွမ်းနဲ့ အဆင်ပြေချင်နေခဲ့ပြီး ထိုနေရာမှပဲ လင်းစွမ်း စကားပြောလို့ ပြီးသွားတဲ့အထိ ထိုင်စောင့်နေခဲ့မိသည်။
"အဲ့ဒါဆို ကျေးဇူးပါပဲဗျ! ခွင့်ပြုပါအုံးနော် နောက်မှသေချာလေး ပြုစုပါ့မယ်ဗျ "
"အာ ရပါတယ် ကိုလင်းစွမ်းရ! မိတ်ဆွေတွေ ဖြစ်နေပြီပဲကို "
"ကျေးဇူးပါဗျ ဒီဝိုင်းလေး ကျွန်တော်ရှင်းခဲ့ပါရစေ "
လင်းစွမ်း ရှင်းပေးပြီးလို့ ထပြန်လာခဲ့တော့ နောက်ပါးမှာ အရိပ်လို ပါလာခဲ့တဲ့သူ။အလုပ်ကိစ္စဆွေးနွေးနေထဲက သတိထားမိနေခဲ့တာ ဖြစ်ပြီး မြန်မြန်ပြန်သွားပါစေလိူ့ ကြိတ်ပြီးဆုတောင်းနေခဲ့တာလည်း ဆုတောင်းမပြည့်ခဲ့ပေ။ လင်းစွမ်းဖက်ကနေ တစ်ဖတ်သတ် အဆက်အသွယ်တွေ ဖြတ်ခဲ့တာမို့ ကိုကို့ကို ဘာကြောင့်ဆိုတာ မရှင်းပြချင်ပေ။ ရှင်းပြလို့ရတဲ့ အခြေအနေလည်း မဟုတ်။ ကားပါကင်နေရာသို့ ခပ်သွက်သွက် လျှောက်လာမိတော့ ထပ်ချပ်မခွာ ကပ်ပါလာတဲ့ ခြေလှမ်းတွေ။ တစ်နေရာအရောက်မှာတော့ လင်းစွမ်းရဲ့ လက်တစ်ဖက် ဆွဲယူခံလိုက်ရပြီး လူပါ အရှိန်နဲ့ နံရံသို့ ကပ်သွားရသည်။
"အာ့!! ဘာလုပ်တာလဲ! "
လင်းစွမ်း နာကျင်စွာ ညည်းညူရင်း အော်ဟစ်ကာ ရုန်းပစ်တော့ မျက်ဝန်းတွေထဲ စူးစိုက်ကြည့်လာတဲ့သူ။ မျက်နှာချောချောကလည်း အလိုမကျဟန်ဖြင့် သုန်မှုန်နေသည်။
"ဘာလုပ်တာလဲ ဆိုတာက ကိုယ်မေးရမှာ မဟုတ်ဘူးလား လင်းစွမ်း! "
"နေ နေပါအုံး ဒီအခြေအနေမှာ ကျွန်တော်က မေးသင့်တာ မဟုတ်ဘူးလား"
"မမေးနဲ့! ကိုယ်မေးတာပဲ ဖြေ "
"ဟင် "
နံရံမွာ ကပ်နေတဲ့ လင်းစွမ်းရဲ့ ခန္ဓာကိုယ်တစ်ဖက်တစ်ချက်စီမှာ လက်ထောက်ထားရင်း တစ်ကိုယ်လုံးကို အုပ်မိုးထားသည်။ လူကောင်သေးတဲ့ လင်းစွမ်းမှာ ကျားရှေ့က ယုန်သူငယ်လေးသဖွယ်။ စူးစူးရဲရဲ ကြည့်ကာ အကဲခတ်နေသူရဲ့ အကြည့်တွေကို ရင်မဆိုင်နိုင်စွာ လင်းစွမ်း အကြည့်တွေ လွှဲလိုက်ရသည်။ ပြီးမှ သက်ပြင်းသဲ့သဲ့ချလိုက်ပြီး
YOU ARE READING
နှလုံးသားကို ချည်တဲ့ကြိုး
Romanceနေမြဲစေ လင်းစွမ်းရည်ပိုင် ပန်းဦးကဗျာ နှင်းသဲအလင်္ကာ