Part...4

12K 598 35
                                    

ရာပြည့် က မုန့်ဟင်းခါးဟင်းရည်အိုးကိုမွှေရင်း နောက်ပါးမှ ဒေါ်လေး၏ မင်းချင်း ညက အိမ်ပြန်နောက်ကျကြောင်း ပြောနေသည်ကို ခေါင်းတငြိမ့်ငြိမ့်နဲ့ နားထောင်နေသည်။ အရသာမြည်းကြည့်ပြီးအသင့်ပြင်ရန် အိုးကိုမချရဲတာကြောင့် ဒေါ်လေးကို အကူအညီတောင်းရသည်။ ဖန်ပြားကြီးမှာတင်ပြီး တစ်ခါမှ မချက်ဖူးတာကြောင့် သူ့မှာ မွှေနေတာတောင် ခပ်လန့်
လန့် အိုးကိုကိုင်ဖို့ဆိုဝေးပြီလေ။
မခင်အုံ နဲ့ သူ့ရဲ့အကိုတစ်ဝမ်းကွဲ ကိုထူးသာတို့လည်း ရောက်တော့မည်ဖြစ်တာကြောင့် မုန့်ဖတ်များကိုပန်းကန်ထဲထည့်ရင်း ပြင်ဆင်လိုက်သည်။

"သား...မင်းညီကိုသွားနိုးချည် သွား
သူ့အမတို့လည်း ရောက်တော့မယ်"

"ဟို...ညကနောက်ကျတယ်ဆိုထပါ့
မလားဟင်"

"မထလည်း ဆိုဖာပေါ်မှာ ကြက်မွှေးရှိတယ် ယူသွား ရိုက်ပြီးတော့နိုးခဲ့"

"ဟာ...ဒေါ်လေးကလည်း မလုပ်ရဲပါဘူး"

"ဟား...ဟား ကိုယ့်ညီပဲဘာကြောက်စရာရှိလဲ သွား သွား"

သူ့ခါးကို​​ ယောင်းမဖြင့်အနောက်မှတွန်း
လွှတ်နေသည်ကြောင့် အပေါ်သို့တက်
လာခဲ့ရသည်။

ညကအစောကြီး အိပ်ပျော်သွားတာ
ကြောင့် မင်းချင်း အပြင်ထွက်သွား
သည်ကိုသာတွေ့လိုက်ပြီး ပြန်လာတာကို
တော့မတွေ့လိုက်ပါ။ နောက်ကျတယ်
ပြောတာကြောင့် မင်းချင်းတော့ဒီမနက်
သူ့အဖေဆီမှာ အဆူခံရတော့မှာကို ကြို
တင် ခန့်မှန်းနေမိပါ၏။

မင်းချင်း အခန်းရှေ့ရောက်တော့တံခါး
ဖွင့်ဝင်လိုက်​ပြီး ကုတင်ပေါ်မှာမည်သူမျှ
ရှိမနေတာကြောင့် ခပ်သွက်သွက် အခန်းထဲဝင်ကာ ဝေ့ဝိုက်ကြည့်လိုက်သည်။

"အမလေး"

"ခင်​ဗျားကပဲ လန့်ရတယ် ရှိသေး"

မျက်လုံးနဲ့ နှုတ်ခမ်းတစ်ဝိုက်သာ လွတ်
နေပြီး မျက်နှာတစ်ပြင်လုံးဖြူဖွေးနေအောင် ဘာတွေလိမ်းထားမှန်းမသိတဲ့မင်းချင်း၏ ပုံစံမှာ သူ့ကိုအမှန်တကယ်
လန့်သွားစေသည်ကြောင့် တလှပ်လှပ်
ဖြစ်နေသည့်ရင်ဘတ်ပေါ် လက်တင်
ထားရသည်အထိပင်။

မြို့ကြီးသားတွေများကြောက်စရာကောင်းပါဘိ ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Where stories live. Discover now