Part...36

7.9K 429 46
                                    

"မောင်တောင်းပန်တယ် တောင်းပန်ပါ
တယ်လို့...နွေးရာ"

မြေပြင်ပေါ်ဒူးထောက်ချကာ နွေးရာ
၏ ခါးကိုမလွှတ်တမ်းဖက်တွယ်လာတဲ့
မင်းချင်း​ကြောင့် ရုန်းရင်းလက်တွေကိုဖယ်ချသော်လည်းမရသဖြင့် စိတ်တိုရ
လွန်းလို့ထုရိုက်ပစ်မိရာ သူတို့၏ နောက်ပါးမှရေအိုးဆွဲပြီး ဒေါမာန်နဲ့လာနေတဲ့
လူတစ်ယောက်ကို သတိမထားမိခဲ့ပေ။

"မြို့ကြီးသား!"

"ခွမ်း!"

"ဟာ...တော်ကြစမ်း တော်ကြစမ်းပါ"

ကျောပြင်ကိုထုရိုက်နေတဲ့နွေးရာ၏
ရိုက်ချက်များကိုခံယူရင်း မြေပြင်မှာ
ကျနေသည့်အရိပ်ကို မထင်မှတ်ဘဲ
သတိထားမိရာ သူ့ကိုရေအိုးနဲ့ရိုက်ဖို့
လုပ်နေသည့်လူတစ်ယောက်ကိုမြင်
လိုက်ရ၏။ ကိုဗေဒါ၏အသံကြောင့်
သတိကပ်ရင်း ခေါင်းထက်ရေအိုးရောက်
ဖို့စက္ကန့်ပိုင်းအလိုမှာတင် နွေးရာခါးကို
ဖက်ထားရာမှလွှတ်ပြီး တပြိုင်နက်
တွန်းဖယ်လျှက် မြေပြင်ပေါ်ဝပ်တွား
လိုက်တော့ ရေအိုးကိုအရှိန်နဲ့ရိုက်ချတဲ့
လူမှာလည်း အရှိန်လွန်ကာ မြေပြင်ပေါ်
သို့ လဲကျသွားသည်။

ကိုယ့်မင်းကိုယ့်ချင်းအသားကိုထိဖို့ဆို
နောင်ဆယ်သက်ကြိုးစားလိုက်!

ထိုအတွေးနဲ့အတူချက်ချင်းကုန်းထပြီး
မြေပြင်ကလူ၏ရင်ဘတ်မှ အင်္ကျီကို
ဆွဲဆုပ်ကာထရပ်စေပြီး အဆီတဝင်း
ဝင်းနှင့်မျက်နှာပြင်အား တည်ထိုးချ
လိုက်၏။ ထိုလူ၏အပေါင်းပါများပါ
အနားရောက်လာတော့ နွေးရာကိုစိတ်
မချစွာလှမ်းကြည့်လိုက်တော့ သူ့အနား
ကိုပြေးလာရန်ပြင်နေ၍ မင်းချင်း မှာ
တော်တော်လေးပြာသွား၏။

"ခဏ...ခဏ...အားလုံးခဏ"

"stop bro stop!"

လက်နှစ်ဖက်ကိုမြှောက်ကာအသံကုန်
အော်ဟစ်လိုက်တော့ လူအုပ်ကရပ်သွား
ပြီး နွေးရာ နဲ့ ကိုဗေဒါ သည်လည်း အနား
သို့ ရောက်လာ၏။ မျက်လုံးထောင့်မှာ
မြင်နေရသည့် နွေးရာ ၏ပုံရိပ်လေးကို
ကြည့်ရင်း သက်ပြင်းတစ်ချက်ရှိုက်ချပြီး
သူ့လက်ထဲကလူ၏ ရင်ဘတ်မှအင်္ကျီစ
ကိုလွှတ်ပေးလိုက်ပြီး သွားတန်းများပေါ်
သည်အထိရယ်ပြလိုက်တော့ နွေးရာ
အပါဝင် အကုန်လုံးကိုက သူ့ကိုကြောင်
ကြည့်လာ၏။

မြို့ကြီးသားတွေများကြောက်စရာကောင်းပါဘိ ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Where stories live. Discover now