Part...26

8.9K 492 40
                                    

ဒေါ်ခင်ထားရီ က အိမ်အပြင်ထွက်ရန်
ပြင်နေတဲ့သားကို မြင်တော့အနောက်
မှ ပြေးလိုက်ရင်း အော်​ခေါ်သည်။
လှည့်ကြည့်လာတဲ့ မင်းချင်း၏ ပုံစံကို
မြင်တော့ သူမ နှုတ်ခမ်းတစ်စုံဟာ ပွင့်ဟ
သွားသည်။ သူမရဲ့သားဟာ မင်းသားရှုံးအောင်ပြင်ဆင်တတ်လွန်းလို့ အမြဲပြော
နေရတာ အခုများတော့ သိပ်ကိုတသသ
ဖြစ်လွန်းသည့် ဆံပင်ကိုပင် ကောင်း
ကောင်း မဖြီးထား ဖွာလန်လို့နေသည်။
ဒါ့အပြင် စပို့ရှပ်နဲ့​ အိမ်နေရင်းဘောင်း
ဘီကို ဖြစ်သလို ဝတ်ထားသေးသည်။
ကိုယ့်မင်းကိုယ့်ချင်း ဒီလိုဝတ်ပြီးအပြင်
သွားမယ်ဆို မနက်ဖြန် နေကအနောက်
အရပ်ကနေ ထွက်လာပေလိမ့်မည်။

"သား ဘယ်သွားမလို့လဲ"

"ဘယ်မှမသွားပါဘူး ဖုန်းပြောမလို့ပါ"

"အေးအေး အပြင်မသွားနဲ့နော်
အိမ်မှာပဲနေ လက်ကဒဏ်ရာပျောက်
သေးတာမဟုတ်ဘူး"

ခေါင်းငြိမ့်ပြလာတာ​ကြောင့် ဒေါ်ခင်ထား
ရီလည်း အိမ်ထဲဝင်လာစဥ် ဖုန်းမြည်လာ
တာကြောင့် ကိုင်လိုက်ရာ...

"ဒေါ်လေး"

"ဟယ်...သားရာပြည့်"

သူမ၏ တအံ့တသြရေရွတ်သံက အိမ်
အပြင်က မင်းချင်းကြားဖို့ အထိ လုံ
လောက်သည်ထင်ပါ၏။ အိမ်ထဲကို
ပြေးဝင်လာတာများ အလောအလျှင်။
လက်ထဲကဖုန်းကိုဆွဲလုလာ၍ ဒေါ်ခင်
ထားရီ က မပေးဘဲ ပြန်လုသည်။

"သားရယ် ဒေါ်လေးဘယ်လောက်
စိတ်ပူနေလဲသိရဲ့လား အခုဘယ်မှာလဲ"

"ရွာပြန်ရောက်ပါပြီခင်ဗျာ့ စိတ်ပူ
အောင်လုပ်မိလို့တောင်းပန်ပါတယ်"

"အိုကွယ်...မဟုတ်တာ သားတစ်ခုခု
ဖြစ်လို့ ပြန်သွားတာလားဟင် ဒေါ်လေး
လာပြန်ခေါ်ရမလား"

"မဟုတ်တာ...ဒီမှာလည်း အလုပ်ကိစ္စ
ပေါ်လာလို့"

"ခင်ဗျားကိုဘယ်သူမှ လာမခေါ်ဘူး
ကိုယ့်ခြေထောက်နဲ့ကိုယ် အခုပြန်လာခဲ့"

ဘေးမှဂနာမငြိမ်နိုင်တဲ့မင်းချင်းကဆွဲ
လုပြီးပြောတော့ ကျောကုန်းကိုထုရိုက်
ပြီး ဆူဟောက်ရတော့သည်။

မြို့ကြီးသားတွေများကြောက်စရာကောင်းပါဘိ ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Where stories live. Discover now