Part...43

6.7K 368 36
                                    

နွေးရာ က ခြေသံဖွဖွနင်းလျှောက်ရင်း
ခြံထဲကိုဆင်းလာပြီးနောက် မင်းချင်း၏
ခြံဝိုင်းဘက်သို့ကူးလာသည်။မနက်စော
စောနေပင်မထွက်သေးတာကြောင့် သွား
လာလှုပ်ရှားသူများသိပ်မရှိသလို မင်းချင်း
လည်း မနိုးလောက်သေးဘူးထင်ခဲ့ပေမယ့်
အိမ်ပေါ်ရောက်တော့ သကောင့်သားက
အိပ်ယာတောင်သိမ်းနေလေပြီ။
ပြုံးရင်းအနားကိုတိုးလျှောက်သွားပြီး
ပခုံးနှစ်ဖက်ကိုဆုပ်ကိုင်ကာလှန့်လိုက်
တော့ အသံပေါင်းစုံကို မနက်စောစောစီး
စီးကြားလိုက်ရပါတော့သည်။

"ဟာ...နွေးရာ...မောင်လန့်သွားတာပဲ"

"ဘာတွေအတွေးလွန်နေလို့လဲ"

ထိုသို့မေးလိုက်တော့ မင်းချင်းကမျက်နှာ
သေနှင့် သူ့လက်ကိုဆွဲကာအနားမှာထိုင်
စေပြီး ပခုံးပေါ်မေးတင်လာသည်။
ပြီးနောက်နှာခေါင်းကိုတရှုံ့ရှုံ့လုပ်ပြီး
သနပ်ခါးနံကိုမျက်လုံးမှေးလို့ခံစားနေ သည်။

"နမ်းချင်တယ်"

"မင်းမလဲနော် နမ်းရသလောက်ကိုငတ်တာ"

"စားရသလောက်ငတ်တယ်ပဲကြားဖူးပါ တယ်ကွာ အေ့လေ နွေးရာကကျွေးမှ
မကျွေးတာ"

"မင်းချင်း!"

"စတာ...စတာ"

ဆံစဖြူတွေကိုဆွဲဆုပ်လိုက်တော့လည်း
ငြိမ်ကျသွားသည်ကြောင့် ပွယောင်းနေ
သည့်ဆံစများကိုပြန်သပ်ပေးလိုက်တော့
ရင်ခွင်ထဲအတင်းတိုးဝင်လာပုံက ခွေး
ပေါက်လေးတစ်ကောင်အလား။

"အာ့...မင်းချင်းကိုယ်ကအလေးကြီးပဲ
ဘယ်လိုဖြစ်လို့တိုးနေလဲ ဖယ်စမ်းပါ"

"မောင်အစောကြီးနိုးလာပေမယ့် ပြန်အိပ်အိပ်ချင်ပြီ"

"နွေးရာနဲ့"

"အား!"

"ပိတ်ထားပါးစပ်ကို"

ဗိုက်ကြောကိုလိမ်ဆွဲလိုက်ပြီးအသံကုန်
အော်နေတဲ့ပါးစပ်ကိုဖိအုပ်ထားရသည်။

"လာတော့...သွားမယ်"

"ဘယ်ကိုလဲ"

"ကျုပ်ခေါ်ရာသာလိုက်ခဲ့စမ်းပါစကားကို
များတယ်"

မြို့ကြီးသားတွေများကြောက်စရာကောင်းပါဘိ ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Where stories live. Discover now