Part...35

8K 411 67
                                    

"မောင့်ရဲ့မိန်းမလေး"

နောက်ပါးမှမင်းချင်း၏အသံကြောင့်
နွေးရာ က မျက်ဖြူတစ်ချက်လှန်ရင်း
​​ခြေလှမ်းများကို ပို၍ သွက်သွက်လှမ်း
မိသည်။ ချောင်းမှာရေဆင်းကူးဖို့လိုက်
သွားရန် တာဆူနေတဲ့ မင်းချင်းကြောင့်
သူ့မှာစိတ်ဆိုးစိတ်ကောက် ဟန်ဆောင်ရ
တာလည်းအလုပ်တစ်လုပ်။ သေမှာစိုးလို့
ပြောနေလည်းနားမလည်။ ရိုက်ရဆူရလွန်း
လို့လည်း အမေအိုကြီး အလားဖြစ်နေပြီ။
ဒင်းကတော့အေးဆေးပင်။ အခုလည်း
နောက်ကနေ တကောက်ကောက်လိုက်
ပြီး စနောက်နေပြန်ပြီ။ အနားမှာရှိပြန်
တော့လည်း လူကို နားမခံနိုင်အောင်
ပြောလွန်းလို့ တစ်ခါတလေ ချောင်းထဲ
ပင် ကိုယ်တိုင် နစ်သတ်ပစ်လိုက်ချင်
တော့သည်။

"မောင့်မိန်းမလေး"

"ဘာမိန်းမလေးလဲ"

"မောင့်ရဲ့ယောက်ျားသေးသေးလေး
မောင့်ရဲ့ အိမ်ထောင်ဖက်ပုစိလေး"

"မင်းရဲ့ငါလက်ထပ်ရသေးလို့လား
အဲ့ဒီလိုခေါ်နေတာ"

"စိတ်နဲ့ပေါင်းသင်းနေရတဲ့ရက်ပေါင်း
များစွာနဲ့ဆို မောင်တို့ စိန်ရတုတောင်ကျင်းပလို့ရပြီ"

"ကိုယ့်မင်းကိုယ့်ချင်း!"

"ရော့...မောင့်အိမ်ထောင်ဖက်ပုစိလေး
အတွက်"

ကြည့်...သူများခြံထဲကနေ ဇိုးဇိုးဇက်
ဇက် ပန်းခူးပြီး မျက်နှာကလုပ်လိုက်
သေးတယ်။ လှမ်းခူးလိုက်တဲ့ခြံကလည်း
ဘယ်သူမှမထိရဲ့ ဒွေးကြိုင် တို့ခြံ။
ဟော့...ပြောရင်းထွက်လာပါပြီ။
ထမီစွန်တောင်ဆွဲပြီး အတုတ်ခံရတော့
မယ်။

"ဘယ်ကောင်လဲ"

"တောင်း...တောင်းပန်..."

"သားပါ ဘွားကြိုင်ရဲ့သားချော"

"အမလေး ဘယ်သူများလဲလို့ ကျုပ်ဖြင့် ကလော်တုတ်မိတော့မလို့ ငါ့သားရေ"

"ထဘီကြီးချပါအုံး ကာလသားတွေ
ကြည့်ကုန်လိမ့်မယ်"

"ဘယ်ကောင်က ဒွေးကြိုင်ကိုကြည့်ရဲ
သလဲဟေ့"

"မကြည့်ရဲပါဘူး မကြည့်ရဲပါဘူး"

လုံချည်ကိုဆွဲချပေးပြီး အလိုက်သင့်
ပြောနေသော မင်းချင်း ကို ဒွေးကြိုင်က
အရေတွန့်နေသောလက်များနှင့် တဖွဖွ
ပုတ်လျှက် သဘောတကျနှင့်ရယ်နေပုံကို
ကြည့်ရင်း နွေးရာ ၏နှုတ်ခမ်းတစ်စုံမှာ
ပွင့်ဟလို့နေ၏။

မြို့ကြီးသားတွေများကြောက်စရာကောင်းပါဘိ ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Where stories live. Discover now