Part...31

8.1K 435 51
                                    

နွေးရာဆီကိုသာ အာရုံရောက်နေ၍
မင်းချင်း ဟာ နွားနှစ်ကောင်နဲ့ ထွန်တုံး
ကို တွဲချည်ထားတဲ့ကြိုးကွင်းထဲ ​​ခြေ
ထောက်တစ်ဖက်ရောက်နေသည်ကို
သတိမထားမိဘဲ ဇော်ဂျီကမ်းပေးလာ
တဲ့ ​ကြိမ်တုတ်ကိုယူလိုက်၏။ နွားတစ်ကောင်၏ တင်ပါးကိုဆတ်ဆတ်လေး
ရိုက်လိုက်သည်နှင့် ပြေးထွက်သွားသော နွားနှစ်ကောင်နဲ့အတူ မင်းချင်ကလည်းမြေပေါ်လို့ အရှိန်ပြင်းစွာ လဲကျသွား၏။

"မင်းချင်း!"

"အာ့..."

"လုပ်ပါအုံး ဆွဲကြပါအုံး မင်းချင်း!"

ကြိုးနဲ့ပတ်ထားမိလျက်သားဖြစ်သွား
တဲ့​ခြေတစ်ဖက်ကြောင့် မင်းချင်းဟာ
မြေပေါ်မှာ ပလပ်လဲကျသွားရုံမက
ပြေးထွက်သွားသော နွားနှစ်ကောင်အနောက်ထွန်တုံးနှင့် တွဲလျက် တရွတ်တိုက်ပါသွားသဖြင့် သူတို့အားလုံးအား ထိပ်ထိပ်ပြာပြာ ဖြစ်သွားသည်။

မင်းချင်းကိုယ်တိုင်သည်လည်း ဘာဖြစ်
သွားမှန်းမသိအောင်ကို အဖြစ်ပျက်များ
က မြန်ဆန်လွန်းနေသည်။ သူစိတ်ထဲ
သိနေသည့်တစ်ခုတည်းသော အသိက
သူ၏ကျောပြင်တစ်ခုလုံး စုတ်ပြတ်
သတ်သွားအောင် ပွန်းပဲ့ပြီး နာကျင်နေ
ပြီဆိုတာပင်ဖြစ်၏။

နွေးရာကတော့ လယ်ထဲပြေးဆင်းလာ
ပြီးတရွတ်တိုက်ပါသွားသောမင်းချင်း
အနောက်ပြေးလိုက်ရင်း နွားကိုထိန်း
ကျောင်းဖို့ ကြိုးစားသည်။
ဇော်ဂျီ၊ ဖိုးကျော်နဲ့လေးလုံးသည်လည်း
ထိုနည်း၎င်းပင်။ နွားနှစ်ကောင်ကလည်း
လူအများကြောင့်ပို၍လန့်သွားသည်နှင့်
တူ၏။ ရပ်ကိုမရပ်တော့ပေ။
တစ်ဖက်လယ်ကွင်းမှ လူကြီးများကလည်း သူတို့အဖြစ်ကိုမြင်သည်နှင့် ကတိုက်ကရိုက်ပြေးလာပြီး ဝင်ထိန်း
ပေးတော့မှသာ ရပ်တန့်သွားသည်။

နွေးရာ က မင်းချင်းဆီပြေးသွားပြီး
ဆွဲထူလိုက်တော့ သူလက်ဖဝါးမှာပေကျံလာသောသွေးများဟာ မနည်းလှ၍
ထိုင်လျက်ပြုတ်ကျသွားသည်။

"မောင်..."

"မောင့်မှာ သွေးတွေအများကြီးပဲ"

"ဘယ်လိုလုပ်မလဲ...ဘယ်လိုလုပ်ရမလဲ"

"ဘာ....မှ..မဖြစ်ဘူး"

မြို့ကြီးသားတွေများကြောက်စရာကောင်းပါဘိ ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Where stories live. Discover now