Part...10

10.4K 485 21
                                    

မန္တလေးကို ကိုယ်ကိုယ်တိုင်မသွားနိုင်လို့
ခိုင်းမိပါတယ် ကားနဲ့မသွားဘူး၊အမျိုး
အိမ်မှာမတည်းဘူး တစ်မျိုးပြီး တစ်မျိုး
ပြောနေတဲ့ သားဖြစ်သူ မင်းချင်းကြောင့်ဒေါ်ခင်ထားရီမှာ မျက်ဖြူဆိုက်နေသည်။ ခိုင်းမိတဲ့ ကိုယ့်ကိုယ်ကိုသာ အပြစ်တင်မိ၏။ အခုလည်း အချိန်ကကပ်နေပြီ
ဆင်းမ လာသေးဘဲ ပြင်လို့ဆင်လို့မပြီးတော့ပေ။ သူမသာ မိန်းကလေးမွေးမိရင် တော်တော်မှ မလွယ်ဘူးဟု တွေးမိကာ
ရင်ဘတ်ကို ဖိကိုင်ထားရသည်။

"မောလို့လား မေကြီး ဘာဖြစ်တာလဲ"

မင်းချင်းက သူမ၏ပုံစံကြောင့် လှေ
ကားပေါ်က အမောတကောပြေးဆင်း
လာပြီး စိုးရိမ်တကြီး မေးတော့လည်း
ပြုံးရပြန်သည်။

"အမလေး ဘာမှမဖြစ်ပါဘူးတော့
သားရာပြည့်က စောင့်နေတာကြာပြီ
ဒီလွယ်အိတ်ပဲ ယူမှာလား"

"မေကြီးပဲ နှစ်ရက်ထပ်ပိုမနေနဲ့ဆို"

ဒေါ်လေး၏ အမေးကို မင်းချင်းကနှုတ်ခမ်းကိုမဲ့ကာရွဲ့ကာဖြင့် ​​​ဖြေနေပုံ
ကို ရာပြည့်မှာ ပြုံးကာကြည့်လို့နေသည်။

"မှိုရထားတဲ့မျက်နှာနဲ့ဘာပြုံးနေတာလဲ
တောသားက လေယာဥ်စီးရတော့မှာ
မို့လို့ ပျော်နေတာလား"

"မင်းချင်း...မင်းဘယ်လိုတွေပြောနေ
တာလဲ မေကြီးမကြိုက်ဘူးနော်
သားရာပြည့်ကို သေချာဂရုစိုက်ပြီး
ခေါ်သွား တစ်ခုခုအသံကြားတာနဲ့
မင်းမေကြီး အကြောင်းသိမယ်"

"ဟ...မေကြီးကလည်း သားကနွေးရာ
ကို ဂရုစိုက်ပါတယ်"

"ပြောလိုက်လေ ခင်ဗျား"

"ဟုတ်ပါတယ်ဒေါ်လေး"

"ခြိမ်း​ခြောက်ပြီးပြောခိုင်းနေတဲ့လေသံနဲ့ပြောနေမှာတော့ ဟိုက ဟုတ်ပါတယ်ပဲ
ပြောမှာပေါ့ဟဲ့"

"ဟီး...မေကြီးကလည်း သွားတော့မယ် အာဘွားပေး"

ပါးကိုထိုး​ပေးလာသည်ကြောင့်ဖိကပ်
နမ်းလိုက်တော့ မင်းချင်းကလည်း သူမ
၏ ပါးနှစ်ဖက်ကိုမွေးကြူလာသည်။

"သားမရှိဘူးဆိုပြီး ဖေကြီးနဲ့ကဲမနေနဲ့နော် မေကြီး"

"ဒီကလေးတော့..."

မြို့ကြီးသားတွေများကြောက်စရာကောင်းပါဘိ ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Where stories live. Discover now