Part...7

10K 515 9
                                    

မင်းချင်းက ညစာစားပြီး ဧည့်ခန်းထဲမှာ
ထိုင်နေတဲ့ ဖေကြီးဘေးတွင် ဝင်ထိုင်လျက်
လက်ဖဝါးတစ်ဖက်ကို ဖေကြီးမျက်နှာ
ရှေ့ဖြန့်လိုက်တော့ ဖတ်ခနဲပြန်ရိုက်ခံ
လိုက်ရတာကြောင့် မျက်ဖြူတစ်ချက်
လှန်ရင်း မျက်နှာချင်းဆိုင် စားပွဲမှာ
ဝင်ထိုင်သည်။ ပေါင်ပေါ်လက်နှစ်ဖက်
တင်ရင်း ဖေကြီးကို မျက်လုံးလှန်ကြည့်
တော့...

"ဖအေကိုတောင် မိုက်ကြေးခွဲမဲ့ရုပ်နဲ့
ဒီကောင် ငါလုပ်ရင်သေတော့မယ်"

လက်ရွယ်ကာ ပြောလိုက်တော့ စားပွဲပေါ်
ကနေ ချက်ချင်းပင် ကြမ်းပြင်ပေါ်သို့
ဒူးထောက်ချကာ ဆိုဖာပေါ်က ဖေကြီးရဲ့
ပေါင်ပေါ်မေးတင်ပစ်သည်။

ရာပြည့် က မင်းချင်း၏ ပုံစံကိုရပ်ကြည့်
ရင်း ပြုံးလိုက်မိသလို ဦးရာဇာမင်းမျိုး၏
တည်တံ့နေတဲ့ မျက်နှာမှာလည်း ချက်ချင်း
ပြုံးယောင်သန်းလို့ သူ့ကိုမျက်လုံးလှန်
ကြည့်နေတဲ့ မင်းချင်းကို ချစ်မဝစွာနှင့်
ကြည့်နေသည်။မျက်နှာအရှေ့ထပ်မံ
လက်ဖဝါးဖြန့်လာတော့ လက်ထဲကဖိုင်
နဲ့ ခေါင်းကို တစ်ချက်ထုလိုက်သည်။

"ဖေကြီးကလည်း..."

"ဘာလဲမုန့်ဖိုးလား"

"ကိုသိပ်အလိုက်သိ"

"ဒီကောင်တော့လား"

"မပေးရင် ဒီညတော့သိပ်ချောတဲ့ သူခိုးလေးဖေကြီးရဲ့ခေါင်းရင်းကိုလာလိမ့်မယ်...စောင့်ကြည့်နေလိုက်"

ကြမ်းပြင်ကနေ ဆိုဖာပေါ်ပြောင်းထိုင်
လိုက်ပြီး ဧည့်ခန်း၏ အပေါက်ဝမှာ
ဖရဲသီးပန်းကန်ကိုင်လျက် ရပ်နေတဲ့
ရာပြည့်ကို တွေ့တော့ လှမ်းခေါ်သည်။

"နွေးရာ ကျွန်တော့်ဘေးကိုလာစမ်းပါ"

"ဟုတ်ကဲ့"

"မင်းဘယ်လိုလေသံနဲ့ခေါ်နေတာလဲ
ဟိုကောင်လေးကလည်း ဒီကောင့်ကို
ဘာတွေရိုကျိုးနေတာလဲ မင်းတို့နှစ်
ကောင်ကတော့လေ"

ရာပြည့်လည်း ဦးကြီးပြောစကားကြားမှ
မင်းချင်းအပေါ် သူ့ရဲ့ဆက်ဆံမိပုံကို
သတိထားမိကာ ကိုယ့်ထက်အငယ်ကို
အားနာနေစရာမလိုဘူးဟု တွေးရင်း
ဖရဲသီးပန်းကန်ကို ဦးကြီးအရှေ့ချပေး
လိုက်ပြီး သူကတော့ မင်းချင်းဘေးတွင်
ဝင်ထိုင်ပြီး ပေစောင်းစောင်းနှင့်ကြည့်
မိရာ အံကြိတ်ပြီးပြန်ကြည့်လာတဲ့
ကောင်လေးကြောင့် ခေါင်းငုံလျှိုးသွား
ရပြန်တာလည်း သူပါပဲ။

မြို့ကြီးသားတွေများကြောက်စရာကောင်းပါဘိ ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Where stories live. Discover now