Part...24

9.2K 491 106
                                    

warning အလစ်တဲလေးပေးပါတယ် ⚠⚠

မင်းချင်း၏ကိုယ်မှာ ဒယိမ်းဒယိုင်ဖြစ်
နေပြီး တွဲကူထားသော နွေးရာကိုလည်း
တွန်းဖယ်လျက် လက်ထဲက ပုလင်းကို
ဆက်တိုက် မော့သောက်နေသည်။
နွေးရာကတော့ အမူးသမားကို လိုက်ဆွဲ
ရလွန်းလို့ တော်တော်ပင်မောနေပြီ ဖြစ်
တာကြောင့် စီးကျလာသော ချွေးများကို သုတ်ဖယ်လိုက်ပြီး ကားရှေ့ဖုံးပေါ်မှာ
မှောက်အိပ်လျက် ပုလင်းလိုက်မော့နေ
တဲ့ မင်းချင်းရဲ့ ဆံစဖြူများကို စိတ်ပေါက်
ပေါက်နှင့် ဆွဲဆောင့်လိုက်တော့ အော်
ဟစ်လို့ ထရပ်လာသည်။

"အာ့...အား...ဘယ်ကောင်လဲကွ ငါ့ဆံပင်ကိုဆွဲနေတာ ဒီဆံပင်ဖြူတွေ​က ဘန်ကောက်မှာဆိုးထားတာ"

"မင်းအဖေဟေ့...မင်းအဖေ"

"ဟာ...ဦးရာဇာမင်းမျိုး မေကြီးရဲ့
ယောက်ျားကိုးး ဦးတော် ဖေကြီး
သား ဒီနေ့ နည်းနည်းလေးသောက်လာတယ်"

တကယ်ပဲ သူ့အဖေဟု ထင်ကာလူအရှေ့
ဒူးထောက်ချလာပြီး လက်အုပ်ချီလို့
ပြောလာသည်။ ​ဒါတောင်လက်ထဲက
ပုလင်းကို မချဘဲ ကျောအနောက်မှာ
အသာ ဖွက်ထားစဲဖြစ်၏။

"နွေးရာပြည့် ဘယ်မှာလဲ ဖေကြီး အဲ့ဒီတောသားနဲ့ သားစရင်းရှင်းမှာ သူသားအပေါ်မှာ သစ္စာမရှိဘူး သူ...သူ
ကိုယ့်မင်းကိုယ့်ချင်း ကို လှည့်စားချင်
နေတာ"

"မရဘူးနော် အဲ့လိုမရဘူး"

သစ္စာမရှိဘူးဟုတောင် စွပ်စွဲခံနေရ၍
နွေးရာ က မျက်ဖြူတစ်ချက် လှန်ရင်း
ရှေ့မှာဒူးထောက်နေတဲ့ ကောင်လေးရဲ့
ရှေ့ဆံပင်များကို ဆွဲဆုပ်လို့ တရွတ်တိုက်
ဆွဲခေါ်လာတော့ အော်ဟစ်လို့ ပါလာ၏။
လူကြားလို့ပင် မကောင်းတာကြောင့်
အိမ်ထဲအမြန်ထည့်ကာ ခြံတံခါးပြေး
ပိတ်ပြီး အိမ်မကြီးတံခါးပါ ခပ်မြန်မြန်
ပိတ်လျက် မင်းချင်းကို ကြည့်လိုက်တော့
ကြမ်းပြင်ပေါ် မှာ ပလပ်အိပ်နေ၏။

"မင်းချင်း...မင်းချင်း"

"ဘာလဲဖေကြီးရာ သားတစ်ခါပဲ
တစ်ခါပဲ စိတ်ညစ်လို့...သောက်တာပါ
အေ့...ဒီရင်ဘတ်ထဲမှာ ဘယ်လောက်​
ပူနေလဲ သိလား...အေ့ မသိကြပါဘူး"

မြို့ကြီးသားတွေများကြောက်စရာကောင်းပါဘိ ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Where stories live. Discover now