Part...21

8.4K 448 35
                                    

မြူခိုး နဲ့ တွေ့ပြီး ပြန်ရောက်တည်းက
သူ့ကို စကားကောင်းကောင်းမပြောတဲ့
မင်းချင်း ကြောင့် နွေးရာ က ကြံရာမရ
ဖြစ်နေသည်။ ထမင်းလည်းဆင်းမစား
သလို အခန်းထဲကလည်းထွက်မလာ။
သူ့သွားခေါ်ပြန်ရန်လည်း တံခါးကို
လော့သာချထားသည်။ ဆရာလေးကို
သူ့သဘောနဲ့သူ ချိန်းပြီး အခုမှဘာဖြစ်
နေတာလဲလို့ စိတ်ပေါက်ပေါက်နှင့်အော်မေးပစ်ချင်ပေမယ့် ဒေါ်လေးတို့ရှိနေ
သည်ကြောင့် ငြိမ်ကုတ်နေရသည်။

"လူဆိုး"

"အမလေး"

"လန့်လိုက်တာ!"

အခန်းတံခါးအရှေ့မှာရပ်ပြီး မုဒိတာပွား
နေမိတုန်း ရုတ်တရက် အခန်းထဲမှ ထွက်လာတဲ့ မြို့ကြီးသားကြောင့် လူကအနောက်လှန်မကျသွားအောင် မနည်းထိန်းလိုက်ရ၏။

"ဖယ်စမ်းပါ ရှေ့ကနေ"

"ဒီအချိန်ကြီး ဘယ်သွားမလို့လဲဗျ"

"ဘယ်သွားရမှာလဲ ထမင်းစားမလို့"

"ကျုပ် ပြင်ပေးမယ်လေ"

ပြောရင်း မင်းချင်း အနောက်မှ ပြေး
လိုက်သွားမိ၏။ ဒေါ်လေးနဲ့ဦးကြီးက
တော့ အလုပ်ခန်းထဲမှာ စာရင်းစစ်နေကြ
သည်ကြောင့် သူတို့ကိုအာရုံမရှိပေ။
ထမင်းပွဲပြင်ပေးပြီး လက်ထဲပါ ဇွန်း
ထည့်ပေးလိုက်တော့ စားပွဲပေါ်ပြန်ပစ်
တင်လာပြီး သူ့ကိုမော့ကြည့်လာ၏။

"ခွံကျွေးစမ်းပါ"

"ကျွေးမှာပေါ့...ဟီး"

"မင်းချင်းကလည်း ပြုံးချင်နေတာကို
ပြုံးလိုက်ပါ"

"ထထိုးမှာနော်!"

"အတည်ကြီးလား"

"စမ်းကြည့်မလား"

"လူဆိုး"

"ဘယ်သူ့​ကြောင့်လဲ"

"မသိပါဘူး"

"နွေးရာ!"

ထမင်းနယ်နေ၍ လက်မအားတာကြောင့်
စိတ်ကြီးပြနေတဲ့ ကောင်လေးရဲ့နဖူးကို
သူ့နဖူးနဲ့ တိုးတိုက်ကာ နှာခေါင်းထိပ်
လေးကို တစ်ချက်နမ်းလိုက်တော့ ငြိမ်
ကျသွားသည်။ ဘေးမှဝင်ထိုင်ပြီးဇွန်းနဲ့
ခွံလိုက်တော့ မျက်နှာလွှဲသွားပြီး
ကိုယ်လူသန့်၏ ပါးစပ်မှ ထွက်လာတဲ့
စကားကြောင့် ရယ်လိုက်မိ၏။

မြို့ကြီးသားတွေများကြောက်စရာကောင်းပါဘိ ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Where stories live. Discover now