Extra 2

5K 275 8
                                    

"ထာဝရထက်တစ်ရက်ပိုချစ်တယ်ဆိုတဲ့
အပိုစကားတွေ မောင်မပြောတတ်ဘူး
မောင့်ကိုသာလက်ထပ်လိုက် နွေးရာရဲ့
မနက်ဖြန်တိုင်းက မောင့်ရဲ့အချစ်တွေနဲ့
ဘယ်လောက်တောင် ခမ်းနားပြီးပျော်စရာ
ကောင်းမလဲဆိုတာ သိရလိမ့်မယ်"

"လာ...အခုလာခဲ့!"

သတိရရင်ရသလို လက်ထပ်ဖို့ချည်း
တချိန်လုံး အနားကပ်ပြောနေသည်ကြောင့်
နွေးရာလည်း မင်းချင်းလက်ကိုဆွဲဆောင့်ကာ ဖေကြီးနဲ့မေကြီးရှိနေရာအခန်းထဲသို့
ခေါ်လာခဲ့လိုက်သည်။စိတ်ပေါက်ပေါက်
နှင့် တံခါးတောင်မခေါက်တော့ဘဲ တန်းဝင်
ချလာလိုက်ပြီး ဖေကြီးအရှေ့ရပ်ကာ...

"သားတို့ကို အခုပဲလက်ထပ်ပေးလိုက်
ပါတော့"

"ဟေ"

"ဟုတ်တယ်ဖေကြီး သား နားလည်းငြီး
လှပြီ မခံနိုင်တော့ဘူး"

"ဟား...ဟား"

"မရယ်နဲ့ အသေသတ်မိတော့မယ်"

တော်တော်မှစိတ်တိုလာ၍ မိဘတွေ
အရှေ့ရောက်နေသည်ကိုပင် သတိမမူ
နိုင်။အမြင်ကတ်စရာကောင်းလောက်
အောင် အော်ရယ်နေသည့်မင်းချင်းကို
ကြိမ်းဝါးမိသည်။

"ဟဲ့သား...ကလေးကိုစိတ်ရှုပ်အောင်
မလုပ်စမ်းပါနဲ့"

"ညကြီးအချိန်မတော်နှောင့်ယှက်မိပြီ
သားတောင်းပန်ပါတယ်"

"အေးအေး...ရပါတယ်ကွယ်"

မျက်ခုံးတန်းများစုကုတ်လျှက် မင်းချင်း
ကို တစ်ချက်မော့ကြည့်ပြီး မေကြီးတို့
အခန်းထဲမှ ထွက်လာခဲ့လိုက်သည်။
မေကြီး၏'ချော့ပေအုံးတော့' ဟုပြော
လာတဲ့စကားကိုကြားပြီး ပူတက်သွား
သည့် မျက်နှာကြောင့် မင်းချင်းကိုသာ
ထုရိုက်ချင်တော့သည်။

အခုလည်း အနောက်မှတကောက်ကောက်
လိုက်လာပြီး ကိုယ့်အခန်းထဲကိုယ်မဝင်ဘဲ
သူများအခန်းထဲထိ လိုက်လာပြန်သည်။
နှင်ထုတ်လို့လည်းမရသလို ညအိပ်မော
ကျသွားချိန်ဆို လူကိုသူ့အခန်းထဲရောက်အောင် ချီခေါ်သွားမှာသိပြီးသား။

"ကျုပ်အိပ်တော့မယ် ဘာသံမှမကြားချင်ဘူးနော်"

"ဟုတ်"

မြို့ကြီးသားတွေများကြောက်စရာကောင်းပါဘိ ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Where stories live. Discover now