Part...14

9K 504 10
                                    

မနက်စာစားဝိုင်းမှာ မင်းချင်းက လွှဲရင်
ကျန်တဲ့သူတွေ အားလုံးရှိနေကြသည်။
ခေတ်ဦးကတော့ ဒေါ်ခင်ထားရီ၏ မုန့်
ဟင်းခါးလက်ရာကို အားမနာတမ်းတွယ်
နေသည်ကို ဒီပါက ကြည့်ရင်း ရယ်နေပြီး
နွေးရာကတော့ ပန်းချီးသင်တန်းအပ်
ပေးမယ်ပြောနေသည့် ဒေါ်လေး ကိုအား
နာကြောင်းပြောနေသည်။ ပုံဆွဲရတာ
အရမ်းကြိုက်ပြီး အခုလိုမြို့က
အကောင်းစား သင်တန်းကြီးမှာ တက်ရ
မှာပျော်ပေမယ့် အားနာစိတ်ကတော့
ဝင်မိတာအမှန်ပင်။

"ကဲပါကွာ...မင်းအဒေါ်နဲ့ပြိုင်ငြင်းမနေနဲ့ ဦးကြီးတောင် ပြိုင်မငြင်းနိုင်ဘူး"

"သူကဖြစ်ချင်ရင် ဇွတ်တတွတ်နဲ့
မင်းချင်းနဲ့ တစ်ပုံတည်းကွ"

ဦးရာဇာမင်းမျိုး၏ စကားကိုညရာပြည့်က
ခေါင်းတငြိမ့်ငြိမ့်နှင့် ထောက်ခံသည်။

"ထင်တော့ထင်သား မင်းချင်းက
ဒေါ်လေးနဲ့ တူပါတယ်လို့ စိတ်လိုလက်ရ
ပြုံးလိုက်ရင်လည်းတူတယ် ဟော့
အလိုမကျနဲ့ စူပုတ်သွားတဲ့အခါကျ
ရင်လည်း တူပြန်ရော အရမ်းချစ်ဖို့..."

"အား!"

"သား ရာပြည့်ဘာဖြစ်တာလဲ"

"အန်တီရယ် သူ မုန့်ဟင်းခါးကိုသွပ်လိုက်တာ အပူလောင်သွားတာ"

"မဟုတ်..."

"ဟုတ်ဆို ဟုတ်လိုက်"

ခေတ်ဦး က ပေါင်ကို ကုတ်လိုက်တော့
ငြိမ်ကျသွားပေမယ့် ပြူးကြောင်ကြောင်လေး ပြန်ကြည့်နေတော့ မုန့်ဟင်းခါးပန်းကန်ကို မျက်စပစ်ပြကာ ဆက်စား
ဖို့ အချက်ပြရသည်။

"ဦး သွားတော့မယ် မင်းတို့သုံးကောင်
လည်း စာမေးပွဲပြန်ဖြေဖို့ ခေါင်းထဲ
ထည့်ထားကြ"

"ဟုတ်ကဲ့...ဟီးဟီး"

"သူများတွေကသာ တိုးတက်နေတာ
အိမ်ကကောင်နဲ့ မင်းတို့နှစ်ကောင် က မြေကြီးကို တွင်းတူးပြီးဆင်းနေတာ"

"သား မကောင်းကြောင်းကို နောက်ကွယ်မှာ ပြောခံနေရတယ်ဆိုတော့ အောင်မြင်နေပြီဆိုတဲ့ အဓိပ္ပာယ်ပဲ"

"ငါလုပ်လိုက်ရ သေတော့မယ်"

"ကလေးကို ရှင်ကလည်း"

မြို့ကြီးသားတွေများကြောက်စရာကောင်းပါဘိ ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Where stories live. Discover now