Part...27

9.5K 528 86
                                    

"မေကြီးရေ!"

အခန်းထဲမှ အပေါ်ပိုင်းဗလာနှင့် အမေ
ကိုတလို့ ပြေးထွက်လာသူကို အနားရှိ
လူများက တံအံ့တသြနှင့် လိုက်ကြည့်နေကြသဖြင့် အခန်းဝမှာ ရပ်စောင့်နေတဲ့
ဒီပါက လက်ထဲမှ အပေါ်ထပ်အင်္ကျီကို
ပစ်ပေးလိုက်တော့ မင်းချင်း က ကောက်စွပ်ပြီး club ထဲမှ ပြေးထွက်သွားသည်။ခေတ်ဦး နဲ့ ဒီပါ ကလည်း အနောက်မှ
ပြေးလိုက်ရတော့သည်။ ကားပါကင်
မှာ ငုတ်တုတ်ထိုင်ချပြီး ဆံစဖြူတွေ
အား ဆွဲဆုပ်နေသူကို တွေ့တော့ ဒီပါ က
အလန့်တကြားနှင့် မေးလာ၏။

"သွားပြီ ခေတ်ဦးဒီကောင်တကယ်များ..."

"နိုး...ဒင်း...ဘာမှမဖြစ်ခဲ့ဘူး"

"ဟင်...မင်းကဘယ်လိုသိလဲ မဖြစ်ခဲ့ရင်
ဒီကောင် အခုဘာဖြစ်နေတာလဲ"

"သူရှေ့ဆက်မတိုးနိုင်လို့ သူ့ကိုယ်သူ
အားမလိုအားမရဖြစ်နေတာ"

"မင်းပါးစပ်ကိုပိတ်ထား!"

မင်းချင်းက မြေပြင်ပေါ် ဖင်ထိုင်ချရင်း
လက်ညိုးထိုးကာ အော်ဟစ်လာတော့
ခေတ်ဦးက နှုတ်ခမ်းကို လက်ချောင်း
များဖြင့် အုပ်ကွယ်လျက် ဒီပါ့အနားသို့
ပို၍ တိုးကပ်သွားသည်။

"ငါ​ပြောတယ်မှန်တယ်တွေ့လား"

"​သေချာလို့လား"

"ကျစ်...ငါအခန်းထဲကကောင်မလေးကို လှမ်းကြည့်ခဲ့တယ် အဝတ်တစ်လွှာတောင်မချွတ်ထားဘူး"

"ဟား...အခုမှပဲသက်ပြင်းချနိုင်တယ်"

ခေတ်ဦး က နှာခေါင်းထဲက လေထွက်
ရုံမျှ ရယ်​သွေးလျက် မင်းချင်းအနားသို့
လျှောက်သွားကာ လက်ကမ်းပေးလိုက်
တော့ ဂျစ်လွန်းတဲ့ ဘဝင်ရူးကောင်က
မျက်နှာကို တစ်ဖက်သို့ လွှဲသွား၏။

"ဟွန်း...ထလာခဲ့စမ်းပါ"

ထိုအခါမှ ကမ်းပေးထားတဲ့လက်ကို ဆုပ်
ကိုင်ကာ ထရပ်လာပြီး ပေကပ်ကပ်ဟန်
အပြည့်နှင့် မြေကြီးကို ဖိနပ်ထိပ်ဖျားနှင့်
ထိုးစွနေ၏။ ခေတ်ဦးက မင်းချင်း၏
ဂျိုင်းအောက်ကို ဝင်လို့ ခါးကိုဖက်ထား
ပြီး ဒီပါက မင်းချင်း၏ပခုံးကိုဖက်ကာ
ကားတွင် မှီရပ်နေမိကြ၏။

မြို့ကြီးသားတွေများကြောက်စရာကောင်းပါဘိ ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Where stories live. Discover now