Part...32

8.2K 414 51
                                    

မင်းချင်း က ခေါင်းငိုက်စိုက်ကျလို့
စိတ်အားထက်သန်မှုကင်းမဲ့နေသော
ခြေလှမ်းများဖြင့် တရွေ့ရွေ့လှမ်းကာ
သူကြီး အိမ်မှထွက်လာသည်။မြေနီလမ်း
ပေါ်မှာ ကတ္တီနီ ဖိနပ်ဟာလည်းရုပ်မထွက်
တော့အောင် ဖုန်မှုန့်များ ပေကျံနေပြီ
ဖြစ်၍ချက်ချင်းပဲချွတ်ကာ ဝတ်ထားတဲ့ပုဆိုးနဲ့သုတ်လိုက်ပြီး ခါးကြားထိုးလျှက်သိမ်းထားလိုက်သည်။ သူ၏ခြေချောင်းဖွေးဖွေးများကို မြေနီလမ်းပေါ်မှာသာ
စိတ်ပေါက်ပေါက်နှင့် ထိုးဆွပြီးလျှောက်
လာရင်း နားထဲတွင်လည်း မေကြီး၏
ဒေါသံကိုသာ ကြားယောင်နေ၍ သူ့မျက်နှာဟာ ညို့မှိုင်းလာသည်။

မေကြီးက သူ့ကိုဘယ်တော့မှ ဖုန်းမ
ဆက်နဲ့တဲ့လေ။ ဒီသားလေးတစ်ယောက်
တည်းရှိတာ အခုလိုတော့ ဥပေက္ခာမပြု
သင့်ဘူးမဟုတ်လား။

"အဲ့တာ ခေတ်ဦးမော်ကြောင့်"

နှုတ်ကရေရွတ်ရင်းမြေကြီးကို ကန်
ကျောက်လိုက်တော့​ ​မြေနီမှုန့်များက
ဖုန်ထလာ၍ မျက်နှာကိုလက်နှင့်အုပ်
ကွယ်ရပြန်၏​။

လေထုအညစ်ကြေးတွေနဲ့မျက်နှာ
ပျက်ဆီးသွားလို့မဖြစ်ဘူးလေ။

"တောက်ခ်! ကောင်းကျိုးကိုမပေးဘူး"

အဟုတ်ကိုကောင်းကျိုးမပေးတာ။
နွေးရာအပေါ်သူကျူးလွန်ခဲ့တဲ့အပြစ်ကို
အမေ့ကို ပြောပြလိုက်စရာလား။
အခုတော့ မေကြီး ကသူ့ကိုအရမ်းစိတ်
ဆိုးသွားပြီ။ နွေးရာကိုကိုယ့်အစွမ်းစနဲ့
ကိုယ်မတောင်းရမ်းယူနိုင်ရင် သူ့မျက်နှာ
ကို လာမကြည့်ပါနဲ့တဲ့လေ။ ငွေလေး
ဘာလေး လှမ်းတောင်းပါမယ်ဆိုမှ
အခုတော့ ကိုယ့်မင်းကိုယ့်ချင်း က
ခွက်ဆွဲရတော့မှာလား။

"​မြို့ကြီးသား မျောက်မှိုင်မှိုင်နေပါ့လား"

"ဟာ...ကိုဗေဒါကလည်း ညစ်နေပါ
တယ်ဆိုမှ"

"ဘာဖြစ်လို့လဲကွ"

"အမွှေပြတ်စွန့်လွှတ်ခံလိုက်ရသလို
ခံစားရလို့ဗျာ"

သူ့စကားကြောင့် ကိုဗေဒါ က ကွမ်းတံ တွေးကို ထွီခနဲထွေးပြီး ပခုံးကိုလာဖက်
၏။

"ငါ့ညီကလည်း အမွှေဖြတ်တော့လည်း
ဖြတ်ပေါ့ကွာ ဒီရွာမှာပဲ တသက်လုံး
နေလိုက် ငါ့နှမနဲ့ပေးစားမယ်"

မြို့ကြီးသားတွေများကြောက်စရာကောင်းပါဘိ ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Where stories live. Discover now