Part...45

6.9K 355 24
                                    

မင်းချင်း၏မျက်နှာဟာ သုန်မှုန်နေပြီး
အလိုမကျမှုများပေါင်းစုံနေတာကြောင့်
မျက်ခုံးတန်းများကလည်း တွန့်ချိုးနေ၏။
နှုတ်ခမ်းပါးကို တင်းတင်းစေ့ထားပြီး
ငြိမ်သက်နေပေမယ့် သူ့ဘေးမှာထိုင်နေတဲ့
နွေးရာနဲ့မေကြီးကို တစ်ချက်တစ်ချက်
လှည့်ကြည့်နေ၏။ဖေကြီးက ကားဘတ်မှန်ကနေ သူ့ကိုကြည့်ရင်း ပြုံးစစလုပ်နေ
သဖြင့် မဲ့ရွဲ့လိုက်ပုံမှာ မရင့်ကျက်တဲ့
ကလေးသာသာပုံစံ။

သူနဲ့မေကြီးကြားမှာ ထိုင်နေတဲ့နွေးရာ
အနားကိုကပ်ချင်ပေမယ့် အသားထိလိုက်
တာနဲ့ခြေထောက်ကိုတက်တက်နင်းနေ၍
ထိမရကိုင်မရနှင့် အလိုမကျဖြစ်နေရ၏။
မေကြီးကလည်း နွေးရာကိုသာဂရုတစိုက်
နှင့်တော်တော်မှ အစေးကပ်နေပြီး သူ့ကို
တော့ ကားထဲမှာပါသည်ကိုပင် မေ့နေပုံ။

"တွေ့ပါအုံးမယ်"

တစ်ကိုယ်တည်းရေရွတ်ရင်းမြို့ထဲသို့ဝင်လာပြီဖြစ်တာကြောင့် ဘေးကနွေးရာရဲ့အင်္ကျီစကိုအသာဆွဲကိုင်လျှက် မျက်လုံး များ မှိတ်ချလို့ ငြိမ်သက်နေလိုက်သည်။

အိမ်ရောက်တော့မယ်လေ။နွေးရာတောင်
သူနဲ့အတူမြို့ကိုပါလာပြီပဲ။ခဏသည်းခံ
လိုက်လို့အကျိုးမယုတ်သွားပါဘူး။ အခုသူ့ကိုအကပ်မခံတဲ့နွေးရာ အိမ်ရောက်မှ
တွေ့ပေအုံးမည်။

အတွေးထဲမှာနွေးရာကို ဘယ်လိုနယ်ရ
မလဲတွေးနေတဲ့မင်းချင်း၏မျက်နှာဟာ
ပြုံး​ယောင်သန်းနေသည်ခြင်းကိုကြည့်ရင်း
နွေးရာက ခေါင်းကိုလက်ညိုးလေးနှင့်
ထိုးကုတ်လျှက် အိပ်နေတဲ့မင်းချင်းရဲ့
ကိုယ်ပေါ်စောင်ပါးလေးလွှားပေးနေ၏။

အိမ်ရောက်တော့ အိပ်ပျော်နေပြီဖြစ်တဲ့
မင်းချင်းကို နိုးလိုက်တော့ချက်ချင်းမထ
သူ့လက်ကိုဆုပ်ကိုင်ကာ လည်ပင်းသား
များကြားထည့်လျှက် ခေါင်းစောင်းလို့
ညှပ်ထားသည်။

"မင်းချင်း ထစမ်းပါ အိမ်ရောက်နေပြီ"

"မင်းချင်း...ဒေါ်လေးတို့ကြည့်နေပြီလို့
အိပ်ချင်ရင် အခန်းထဲရောက်မှအိပ်စမ်းပါ
အခုထတော့"

ဘယ်လိုမှပြောလို့မရ။ပြုံးစစမျက်နှာ
ဘေးနှင့် အိပ်ချင်ဟန်ဆောင်နေပြီး
လက်ကိုမလွှတ်ပေး။မိဘတွေကိုအထုတ်
ကူချပေးမယ်မရှိဘူး။လူကို ကူလူကျီစယ်ဖို့ပဲ တွေးနေတဲ့ကောင်လေးကို အမြင် ကတ်လာသဖြင့် လွှတ်နေတဲ့ လက်တစ်
ဖက် နှင့် ဗိုက်ခေါက်ကိုလိမ်ဆွဲပစ်လိုက်သည်။

မြို့ကြီးသားတွေများကြောက်စရာကောင်းပါဘိ ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Where stories live. Discover now