Part...40

7.8K 388 48
                                    

"ဦးရာဇာမင်းမျိုး"

"မိန်းမ"

"ဒီကိုလာပါအုံး"

ခရီးရောက်မဆိုက်လူကိုဆီးကာခေါ်
လာသည့် မိန်းမကြောင့် အထုတ်ကိုချပြီး အနားသို့သွားလိုက်တော့ စားပွဲပေါ်မှာ
ဖြန့်ခင်းထားသည့် ဓာတ်ပုံများကြောင့်
အံ့သြမှုများဖြင့် မျက်လုံးအစုံမှာ ပြူးကျယ်သွားသည်။ အတိအကျပြောရ
လျှင် သူနဲ့မင်းချင်းရဲ့ရွာမှာအတူရှိနေ
ကြသည့်ပုံရိပ်တွေ။

ဒေါ်ခင်ထားရီကသွက်လိုက်တာ။

"ကျုပ်ကိုမပြောဘဲ ဘာလို့သွားတာလဲ"

"ဟို...ကိုယ်သားကိုသတိရလို့ပါ"

​ဖြေရှင်းချက်နဲ့အတူ ဦးရာဇာမင်းမျိုးက
သူ့မိန်းမ၏ဘေးတွင်ဝင်ထိုင်ကာ လက်
မဖိုးကိုဆုပ်ကိုင်လိုက်သည်။

ထိုပုံစံကိုသာ နွေးရာပြည့်​မြင်ခဲ့ရင်
မင်းချင်းကရုပ်ရည်ပဲသူ့အမေနဲ့ဆင်ပြီး
အပြုအမှုကတော့ သူ့အဖေဆီကအမွေ
ရထားကြောင်း တွေးနေလိမ့်မည်။

"ကျုပ်သားကိုကျုပ်လည်းလွမ်းလှပြီ"

"ဒါဆို အခုပဲပြန်ခေါ်ကြမလား"

"ရှင့်သားက ရာပြည့်ကိုဘာလုပ်လိုက်
လည်းသိလား"

"မင်းမှကိုယ့်ကိုမပြောဘဲ"

သူ့အနားကပ်ပြောရန်ပြင်လာသည့်
မိန်းမကြောင့် ကိုယ်ကိုအသာယိမ်းလျှက်
နားထောင်လိုက်တော့ ကြားလိုက်ရသည့်
စကားကြောင့်မျက်ခုံးအစုံမှာမြှင့်တက်
သွားသည်။

"ဟေ"

"အဲ့လိုပဲတော်ရေ...ကျုပ်ဖြင့်ရှက်စိတ်နဲ့
အားနားစိတ်ကြောင့် သားရာပြည့်ကို
မျက်နှာတောင်မပြရဲဘူး"

"မင်းချင်းကဆိုးလိုက်တာကွာ"

"ရှင်နဲ့တူလို့လေ"

"ဟမ်...ကိုယ်ဖြင့် ခင်လေးနဲ့သမီးရည်းစားဘဝတုန်းက လက်ကိုင်ဖို့တောင်ရဲတာ
မဟုတ်ဘူး"

"ဒါလည်းဟုတ်တာပဲ"

မဲ့ရွဲ့ကာပြောလာတဲ့မိန်းမဖြစ်သူကို
ကြည့်ရင်း ချစ်မဝစွာပြုံးလျှက်

မြို့ကြီးသားတွေများကြောက်စရာကောင်းပါဘိ ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Where stories live. Discover now