Part...20

9.4K 436 52
                                    

"တောက်ခ်!"

လူအရင်မလာဘဲ တောက်ခတ်သံကျယ်
ကျယ်ကို အရင်ကြားလိုက်ရတာကြောင့်
ဒီပါ က ပြုံးရင်း လှည်ကြည့်လိုက်တော့
တစ်လွှာ စုစည်းထားတဲ့ ဆံစဖြူများကို
ဆွဲ​ဖြည်လျက် ထိုးဖွရင်း အခန်းထဲဝင်
လာတဲ့ မင်းချင်းကို တွေ့လိုက်ရသည်။
အခန်းထဲရောက်သည်နှင့် ခုံမှာလျော့တိ
လျော့ရဲနှင့် စိတ်ပျက်လက်ပျက်ဟန်
အပြည့်ဝင်ထိုင်ပြီး အသံကုန်အော်ဟစ်
လာသည်။

"ငါ့ခေါင်းတွေ ပေါက်ကွဲထွက်တော့မယ်!"

"ဘာဖြစ်လာတာလဲ"

ရာပြည့်ကြောင့်ဆိုတာ သိပေမယ့် ဒီပါ က မင်းချင်းပြောရလွယ်အောင် အမေးရှိလိုက်သည်။ မနေ့ကညကထဲက သဝန်တွေတိုပြနေတာ သူမဟုတ်တဲ့ အတိုင်းဖြစ်နေတာကြောင့် ဒီနေ့မှာ ကိုယ်အိမ်လာပြီး ပွစိပွစိ လုပ်တော့မှာ ကြိုတင်ခန့်မှန်းပြီးသားလေ။ ဒါကြောင့်ပဲ ခေတ်ဦးဆီမသွားဘဲ
အိမ်မှာပဲ မင်းချင်းလာတာကို စောင့်
နေတာပေါ့။

"ငါ..."

"ဘာဖြစ်လဲ"

"ငါခေါင်းထဲမှာ အရမ်းရှုပ်နေတယ်
တညလုံး အိပ်မရဘူး အဲ့ဒီ တောသားကို
သတ်ပစ်လိုက်ရင် ကိစ္စတုန်းသွားမယ်
ထင်တယ်"

"အရူးကောင် မင်းပါးစပ်ကလေဘယ်တော့မှ စည်းကမ်းမရှိဘူး"

"မင်းကပါ သူ့ဘက်ကလား"

မျက်နှာသေနှင့် အတည်ပေါက်မေးလာ
တာကြောင့် ခေါင်းခါရမ်းမိ၏။
မင်းချင်း က ရာပြည့်နဲ့ ပတ်သတ်ပြီး
အတည်ပေါက်ကို ဖြစ်နေတာပဲ။
ကိုယ့်စိတ်ကိုယ်ညာခြင်း က ဘာအကျိုး
မှမရတာ ဒီကောင်မသိဘူးလား။

"ဟေ့ကောင် မင်းအရူးထမနေနဲ့
မင်းသူ့ကို ကြိုက်နေပြီ တခြားဘယ်သူ
မှနဲ့ မတူအောင်ကြိုက်နေတာ အရှင်းဆုံး
ပြောရရင် ချစ်မိနေတာကွာ"

"သွားစမ်းပါ ကြိုက်တယ်ဆိုတဲ့ စကားစုအထိငါလက်ခံပေးလို့ရတယ် အချစ်ဆို
တာ မင်းချင်း ဘဝမှာမရှိဘူး"

"ကိုယ့်မင်းကိုယ့်ချင်း ကိုပဲ သူကချစ်
ရမယ် ကိုယ့်မင်းကိုယ်ချင်း က ပြန်ချစ်
မိစရာမလိုဘူး"

မြို့ကြီးသားတွေများကြောက်စရာကောင်းပါဘိ ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Where stories live. Discover now