Part...17

8.5K 474 16
                                    

"စောက်ရမ်းလှတယ်ဗျာ"

"ဘယ်ကိုလာထိနေတာလဲ"

"ကိုင်ချင်လို့လေ"

"မင်းချင်း!"

နွေးရာ က ထိုင်နေရမှ သူ့အပေါ်အုပ်မိုး
လုမတတ်ဖြစ်နေသည့် မင်းချင်း၏ ရင်
ဘတ်ကို လက်တစ်ဖက်နှင့် တွန်းကန်
ထားပြီး ကျန်လက်တစ်ဖက်ကတော့
သူ့တင်ပါးပေါ် ရောက်လုလု ဖြစ်နေသည့်
လက်ကို ဖယ်ချနေရသည်။
သူတို့နှစ်ယောက်၏ အဖြစ်ကို ဘေးမှာ
အသီးသီးထိုင်နေကြသည့် ခေတ်ဦးနဲ့
ဒီပါ က ခေါင်းတရမ်းရမ်းခါလို့ကြည့်
နေကြသည်။

"မင်းမူးနေပြီ"

"ဘာ မင်းလဲ မောင်လေ နွေးရာရဲ့မောင်"

"အေးပါ...မောင်ရယ် ဖယ်တော့နော်"

ချော့မြူသော အသံနှင့် ပြောသော်လည်း
မရ။ လည်ပင်းသားများကို နှာခေါင်းချွန်
ချွန်နဲ့ လိုက်ထိုးနေပြီး လက်ကလည်း
အငြိမ်မနေပါ။ အားကုန်သုံးပြီး တားဆီး
ထား၍သာ တင်ပါးပေါ် ရောက်မလာခြင်း
ဖြစ်၏။

"ခေတ်ဦး...ဒီပါ ပြောအုံးလို့"

"ကျစ်...ခင်ဗျား အဲ့လိုအကူအညီတောင်း
ရအောင် မောင်ကလူဆိုးလား လူဆိုး
လားလို့"

မင်းချင်း၏ ဂျစ်မှုကို ခေတ်ဦးက လက်မ
တထောင်ထောင်နှင့်သဘောကျနေပြီး
ဒီပါကလည်း အသံတိတ်ရယ်နေ၏။

"အာ့"

"ကိုယ့်မင်းကိုယ့်ချင်း!"

"မင်းတော်တော် တဏှာရူးပါလား"

"ဟား...ဟားး...ဟားးး"

နွေးရာ ၏ ဒေါမာန်နဲ့ အော်ဟစ်မှု့ကို
ဒီပါနဲ့ခေတ်ဦးက ဝါးလုံးကွဲ ထရယ်
တော့သည်။ ရှက်စိတ်ကြောင့် မင်းချင်း၏ ရင်ဘတ်ကိုအဆက်မပြတ် ထုရိုက်လိုက်ပေမယ့် သူ့တင်ပါးကို​ ဆုပ်ကိုင်ထားသည့် လက်မှာ ဖယ်ခွာမသွားသေးပေ။

"မင်းချင်း ကို ရာပြည့် က နာမည်အရင်း
ပေးလိုက်တာပဲ"

"ငါတော့ လိုက်ဖက်တယ်ထင်တယ်"

"ဟားဟား..."

ဟိုနှစ်ယောက်၏ အသံကြားမှ မင်းချင်း
က သတိဝင်လာသည်ထင်၏။
နွေးရာ တင်ပါးကိုလွှတ်ပေးလာပြီး
အုပ်မိုးထားသည့် ခန္ဓာကိုလည်းဖယ်ခွာ
သွားသည်။ ပြီးနောက် မခံမရပ်နိုင်ဖြစ်
နေသော မျက်နှာနှင့် ဆိုဖာပေါ်မှာပုံပျက်
ပန်းပျက် ထိုင်နေရသော နွေးရာကို
လှည့်ကြည့်လာပြီး ရန်စောင်တော့သည်။

မြို့ကြီးသားတွေများကြောက်စရာကောင်းပါဘိ ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Where stories live. Discover now