Part...41

7.6K 380 37
                                    

ပွဲအတွက်စင်ထိုးနေသည့်လုပ်သားများ
အတွက် ယနေ့မှာတော့ နွေးရာတို့အိမ်က
ချက်ပြုတ်ကျွေးရန်တာဝန်ကျသည်။
လူအများစာဖြစ်သည့်အတွက် လာရောက်
ကူညီပေးကြသူများရှိပေမယ့်တစ်ယောက်
မှအလုပ်နဲ့ လက်မပျက်ပေ။ နွေးရာကတေ့ာ အိုးကြီးအိုးငယ်ကို မ,နေပေမယ့်
မင်းချင်းကတော့ ပေါ်ကိုမလာသေး။
နောက်စေ့ပေါက်ထားသည့် ဒဏ်ရာအတွက် ဆေးသွားယူမည်ဟုပြောကာ
ထွက်သွားခြင်းမှာ တော်တော်ပင်ကြာ
နေလေပြီ။

"ဟဲ့သား...ဘယ်နှယ့်မျှော်တော်ယောင်ဖြစ်
နေတာလဲ စိတ်မချလည်းလိုက်သွားချည်"

"ဟာ...မေကြီးကလည်းဘာတွေလျှောက်
ပြောနေတာလဲ"

"အမလေး ဖြေးဖြေးလုပ်ပါတော့ မီးဖိုကြီးလည်းကျိုးကျသွားပါအုံးမယ် ရှက်ကိုး ရှက်ကန်းနဲ့"

"ဟာဗျာ"

နွေးရာလည်း အိမ်ပေါ်သို့သာတက်လာပြီး
ဘာလုပ်လုပ်လို့လုပ်ရမှန်းမသိတာကြောင့်
အလုပ်သမများအတွက်သမုန်းဖူးသုပ်ရန်
သာ ပြင်ဆင်လိုက်သည်။ မြေပဲနိုင်းချင်း
ထည့်ပြီး ဆီရွှဲရွှဲ နှင့် နယ်နေရင်း အနောက်မှ ခါးကိုသိုင်းဖက်ခြင်း ခံလိုက်ရတာ
ကြောင့် လန့်သွားပေမယ့် သူ့ကိုဒီလိုလုပ်
မယ့် သူကမင်းချင်းမှအပ မရှိနိုင်၍စောင်းငဲ့ကြည့်သည်။

"ဘယ်တွေလျှောက်ဝင်နေတာလဲ"

"ဒွေးကြိုင် အခေါ်တော်ရှိလို့ မောင်ခဏဝင်
လိုက်တာ"

"ဒီမှာ အလုပ်တွေရှိတာမသိဘူးလား"

"မောင်အခုကူမယ်လေ"

"ပြီးပဲပြီးတော့မယ်"

ဘဲဥတောင်ခုမှခွာတုန်းရှိသေးတာကို
ပိုပြောနေတဲ့နွေးရာရဲ့ ပါးပြင်းကိုမင်းချင်း
က ဖိကပ်နမ်းသည်။

"ရွှတ်"

"မွှေးနေတာပဲ မောင်အရမ်းသဘောကျတယ်"

"လူတွေမြင်ကုန်မယ်လေ ဘယ်လိုဖြစ်နေ
လဲ အခုလွှတ်"

"ဒီဖက်ပါးလေးနဲ့ နဖူးလေးနမ်းပြီးမှလွှတ်မယ်"

ပြောတော့ပါးနဲ့နဖူးသာဆိုတယ်။
မျက်နှာတစ်ပြင်လုံးနေရာစိပ်စိပ်တဖွဖွနမ်း
နေတာလည်း မင်းချင်းပါပဲ။

မြို့ကြီးသားတွေများကြောက်စရာကောင်းပါဘိ ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Where stories live. Discover now