Extra 3

5K 258 21
                                    

မင်းချင်းရဲ့အပြုံးများဟာ ဝေဝေဆာ
ဆာဖြစ်ပေါ်နေပြီး ချွေးတလုံးလုံးကျနေ
တာတောင် သုတ်ဖယ်မအားဘဲ သူ၏
မင်္ဂလာအလှူမှာ လာရောက်ပါရမီဖြည့်
ပေးနေသောရွာသူရွာသားများကို လိုလေ
သေးမရှိ ဧည့်ခံနေလေသည်။ရွာလုံးကျွတ်
မီးခိုးတိတ်အလှူဖြစ်တာကြောင့် ယမ်းဒေါင်းရွာ တစ်ရွာလုံးစည်းကားနေပုံမှာ
ပျော်ရွှင်စရာအတိ။ဇော်ဂျီနဲ့ကိုဗေဒါတို့
တစ်အုပ်လုံးဟာလည်း အလုပ်နဲ့လက်
မပြတ်ပေမယ့်လည်း အပြုံးကိုယ်စီနဲ့အလှူမှာ ပါရမီဖြည့်ပေးနေကြသည်။

ရွာသူများကလည်း တဒယ်ပြီးတဒယ်ချက်
ပြုတ်နေရပေမယ့် ပင်ပန်းသည့်အရိပ်
ယောင်မျိုးမတွေ့ရဘဲ ယောက်ျားလေး
များနဲ့သူ့ထက်ငါအပြိုင်ကို လုပ်နိုင်ကြလေ
သည်။မင်းချင်း၏အချစ်တော်ဘွားကြိုင်
ကလည်း ဒီကနေ့မှာတော့ ရွာသူများနှင့်
အစေးကပ်နေပြီး ဦးဆောင်လို့တက်ကြွ
နေသည်။

မင်းချင်းကတော့ စီးကျနေတဲ့ချွေးများ
ကြောင့် သူ၏မိုးပြာရောင်မင်္ဂလာဝတ်စုံ
၏လက်ကို ခေါက်တင်ရန်နွေးရာအနားသို့
အပြေးသွားလေသည်။အနားရောက်တော့
လက်နှစ်ဖက်ကို ဆန့်တန်းပေးလိုက်ရာ
နွေးရာ က လည်းလုပ်လက်စအလုပ်ကို
ချကာ အင်္ကျီလက်ကိုခေါက်တင်ပေး
လိုက်သည်။ကျောအပြင်ရင်ဘတ်မှာပါ
စိုလို့ ကွက်နေသည့် ချွေးကွက်ကြောင့်
နားဖို့ပြောပေမယ့် မင်းချင်းကလက်မခံ။

"ဒီအရိပ်ထဲ ခဏထိုင်နေလိုက်ပါလား"

"မောင်အအေးပတ်လိမ့်မယ်"

"နိုး...နိုး...မောင်ဘာမှမဖြစ်ဘူး နွေးရာသာ
အရိပ်ထဲထိုင်နေ ချွေးတွေထွက်နေပြီ"

နွေးရာလက်ကိုဆွဲကာ အရိပ်ထဲထိုင်စေပြီး
အနားရောက်လာတဲ့ခေတ်ဦးဆီမှ ပုဝါကို
ဆွဲလုပြီးနောက် မျက်နှာနဲ့လည်ပင်းပေါ်မှ
ချွေးများကို သုတ်ပေးလိုက်သည်။

"စောက်ကဲပိုချက်က"

"မင်းမျက်နှာက မိတ်ကပ်တွေအရည်ပျော်
ကုန်ပြီ"

"ဘာ...ဟုတ်လို့လား"

ခေတ်ဦးက အသည်းသန်နှင့်မှန်ထုတ်
ကြည့်တော့ ဒီပါ က ရယ်ရင်းမဟုတ်
ကြောင်းပြောလျှက် ခေတ်ဦးမျက်နှာက
ချွေးတွေကို ဖွဖွသုတ်ပေးတော့ မျက်နှာ
ကို လွှဲသွားသည်။

မြို့ကြီးသားတွေများကြောက်စရာကောင်းပါဘိ ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Where stories live. Discover now