Part...33

8K 460 71
                                    

"ကျုပ်ကိုချစ်တယ် ဟုတ်လား "

"ဟား...ဟား အခုမင်းပြောတဲ့စကားက
ကျုပ်အတွက်ရယ်စရာပြက်လုံးသာသာပဲ"

"နွေးရာပြည့်!"

ပခုံးနှစ်ဖက်ကိုဆုပ်ကိုင်လာသည့် အားမှာ
မသေးလှ၍ မျက်နှာတစ်ချက်ပျက်သွားပေမယ့် ချက်ချင်းထိန်း​လျှက် မင်းချင်း
၏ ရင်ဘတ်ကိုဆောင့်တွန်းပစ်သည်။

"ဘာလဲ အနာရှိတော့စပ်သွားပြီလား
မင်းလိုကောင်ပါးစပ်ကအချစ်လို့ထွက်ရဲ
တာ ငါအံသြလို့ဆုံးဘူး "

"ဒီမှာ...ခင်ဗျား မစော်ကားနဲ့ "

သူ့အကျင့်တိုင်းနားထင်ကိုလက်သီးနဲ့
ထိုးလို့ပြောလာပြီး မျက်နှာအပြင်လည်ပင်းတစ်လျှောက်ပါရဲတက်လို့
​ဒေါသထွက်ပြနေသည်။

ဘာတွေများမှန်နေလို့ ကိုယ်က စော်
ကားတယ်ဖြစ်သွားရတာလဲ။

"မင်းက ခွေးမြီးကောင်ကျဉ်တောက်
စွပ်ကောင်ပဲ ငါ့အသားကိုနာအောင်လုပ်
ပြီး ချစ်တယ်လို့ပြောနေတာ မရှက်ဘူးလား မင်းမရှက်ပြောမယ့်ကြားရတဲ့
ငါက မသတီဘူး "

"လွှတ်စမ်း...မင်းချင်း...အခုလွှတ်!"

"အချစ်...အဲ့တာအရာကိုကျွန်တော်
မသိခဲ့ဘူး ဒါပေမယ့် ခင်ဗျားထွက်သွား
ပြီးနောက်ပိုင်း ဒီကောင်ကနောင်တတွေ
တနင့်တပိုးနဲ့ ယူကျုံးမရဖြစ်ခဲ့ရတာ "

"ကျွန်တော့်ဘဝမှာနောင်တဆိုတာ
မရှိခဲ့ဘူး ခင်ဗျားနဲ့မှ နွေးရာ ခင်ဗျားနဲ့
မှ ကြုံခဲ့ရတာ "

"ဒီလူ့အပေါ်မှာငါမှားသွားပြီ ငါသိပ်တ
ရားလွန်သွားပြီ သူငါ့ဆီကထွက်သွားပြီ
ပြန်မရနိုင်ဘူးဆိုတဲ့အသိက ဘယ်လောက်
တောင် ထိုးနှက်ခဲ့လိုက်သလဲ"

အတင်းကာရောဖက်ထားရာမှလွှတ်ပေး
ပြီး ပခုံးနှစ်ဖက်ကိုဆုပ်ကိုင်ကာ ကိုယ်ကို
ညွှန့်လို့ နှာဖျားချင်းထိစပ်လုမတက်
အနားသို့ တိုးကပ်လာတော့ နွေးရာက
မျက်နှာကိုတစ်ဖက်သို့လွှဲသွားသည်။

"မယုံဘူးမှတ်လား...ကျွန်တော်လိုကောင် ပါးစပ်ကထွက်တဲ့ချစ်တယ်ဆိုတဲ့စကားကို"

ထိုအပြောနဲ့အတူခေါင်းမော့လို့တစ်ချက်
ရယ်ပြီး နွေးရာရဲ့ပခုံးစွန်းမှာ နဖူးအပ်
လို့ လက်ဖဝါးကိုဆွဲယူလျှက် ရင်ဘတ်
မှာ အပ်ထား၏။

မြို့ကြီးသားတွေများကြောက်စရာကောင်းပါဘိ ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Where stories live. Discover now