Part...28

9.6K 469 51
                                    

"ကိုကိုကြီးတို့ နှစ်​ယောက်ကလည်း
လင်မယား ရန်ဖြစ်နေတဲ့ အတိုင်းပဲ"

မင်းချင်းကို ကျောခိုင်းလို့လှည့်ထွက်
လာတော့ ဖိုးကျော် က နွေးရာလက်ကို
ဆွဲလို့တားဆီးပြီး ပြောလာသည့်စကား
ကြောင့် နားထင်သွေးပင်ဆောင့်တက်
သွား၏။ မင်းချင်းကတော့ ထိုစကားကို
အခွင့်ရေးယူကာ သူ့အနားကို​ ပြေးကပ်
လာပြီး အနောက်မှာ သိုင်းဖက်လာ၏။

"ကလေးတောင် သိနေပြီပဲဟာ မောင်တို့လက်ထပ်ကြမယ်လေ"

"ရူးနေလား"

"ဟုတ်တယ်နွေးရာကြောင့် မောင်တကယ်
ရူးနေပြီကွာ"

နွေးရာကနှုတ်ခမ်းကိုမဲ့ပစ်ပြီး အဖက်
ခံထားရတာကြောင့် ရုန်းသော်လည်း
မင်းချင်း က လွှတ်မပေး အားနှင့်ချုပ်
ထားသည်။ သူတို့နှစ်ယောက်ကို ဖိုးကျော်
က တစ်ခုခုကို အတွေးပေါက်သွားဟန်နှင့်
မျက်လုံးပြူးမျက်စံပြူး မေးလာသည်။

"အသက်ငယ်ငယ်နဲ့အဖိုးကြီးက ကိုကို
ကြီးကို အကြမ်းဖက်နေတာလား"

"ဒါ ငါချစ်သူကွ"

"ရွာအထိလာပြီး ကျုပ်ကိုအရှက်မခွဲနဲ့"

"မောင့်ချစ်သူစိတ်ဆိုးနေလို့ မောင်ချော့
တာ ဘာအရှက်ခွဲနေလို့လဲ"

"စိတ်ဆိုးတာမဟုတ်ဘူး ကျုပ် မင်းချင်း
ကို စိတ်နာတာ"

ထိုစကားကြောင့် ခါးထက်က မင်းချင်းလက်မှာပြေကျသွားခဲ့သည်။ သူလည်း
လှည့်ကြည့်လိုက်ရာ ပြိုတော့မည့်မိုးလို
ဖြစ်နေသည့်မျက်နှာကြောင့်...

"ဟန်ဆောင်ပြနေစရာမလိုပါဘူး"

"ကျုပ်ကိုချစ်တယ်ဆိုတဲ့ လိမ်ညာ
စကားလည်းထပ်မကြားပါရစေနဲ့"

"မောင်မလိမ်ပါဘူး မောင်နွေးရာကို
ချစ်တယ်"

"အချိန်နှောင်းသွားပြီ မင်းချင်းလည်း
ပြန်လိုက်ပါတော့ မင်းချင်းနဲ့ဒီနေရာကို
သိပ်မုန်းတယ်မဟုတ်လား ဒီလိုနေရာက
မင်းချင်းလို လူနဲ့ဘာမှမသက်ဆိုင်ပါဘူး"

"နွေးရာ မပါပဲမပြန်ဘူး ပြန်လိုက်ခဲ့
ပါကွာ မောင်တောင်းဆိုနေတာပါ"

မြို့ကြီးသားတွေများကြောက်စရာကောင်းပါဘိ ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Where stories live. Discover now